Showing posts with label HARDWAREပိုင်း. Show all posts
Showing posts with label HARDWAREပိုင်း. Show all posts

Thursday, August 18, 2011

BOOTMGR is missing


AM kothu1987:Windowမတက်ပဲ BOOTMER is missing Press Ctrl+Alt + Del to restrat
ပြောနေလို့အဲ့တာဘယ်လိုလုပ်ရငပြန်ကောင်းမလဲပြောပြပေးပါလားဗျာ

အဲ့လို error တက်တာတာ ဘယ်လို စက်တွေမှာ အဖြစ်ဆုံးလည်းဆိုတော့ လက်ရှိ os နှစ်ခု ဆိုလိုတာက window 7 တင်ထားမယ် နောင့်တစ်ခုက vista တင်ထားမယ် os နှစ်ခုဆောင်းတဲ့ စက်တွေမှာ အဖြစ်ဆုံးပါ။ဟက်ဒစ်လ်ကို နှစ်လုံးတပ်ထားတဲ့ စက်တွေပေါ့။ဖြစ်ရတာက hard disk က တင်ထားတဲ့ window ကို မတက်နိုင်ပဲ boot ခေါ်ယူဖို့ boot device ပျောက်ဆုံးနေခြင်းပါ။

အကောင်းဆုံးက boot manager ကို (မားသားဘုတ် အစားစားလိုက်၇ှိပါသည် အစ်ကို့ Motherboard အမျိုးအစားတော့ မသိတော့ လက်ရှိကိုယ်တိုင်သုံးနေတဲ့ fox conn board ဆို Esc ကီးနဲ့ ခေါ်ယူပါတယ်)တစ်ချို့ mother board တွေ က f12 / f 8 အဲ့လို ခေါ်ယူပြီး boot device mangaer မှာ ဝင်နေသာ hard disk နှစ်လုံးတပ်ထားမယ်ဆို တစ်လုံးလုံးနဲ့ boot device ခေါ်တက်ကြည့် အပေါ်မှာ ပုံပြထားပါတယ်။

တကယ်လို့ စက်မှာ ဟက်ဒစ်လ်တစ်လုံးတပ်ထားတယ်ဆို window safe mode ကနေ တက်ကြည့်ပါ။တကယ်လို့ safe mode မှာ မှ ဝင်းဒိုး က တက်မလာဘူးဆို window files များဆုံးရူံးနေခြင်း ဖြစ်သည့်အတွက် repair ကိုပြန်လုပ်ကြည့်ပါ။တကယ်လို့ repair မှ မရဘူး ဆိုလျှင်တော့ Install အသစ်လုပ်လိုက်တာ အကောင်းဆုံးပါ အစ်ကို ။အဆင်ပြေပါစေဗျာ
kothu1987: GSM SIM Utility v5.15 lo chin lo par
4 shared ကနေ ဆွဲတင်ထားပေးထားတယ် အစ်ကို .iso file အမျိုးအစားဖြစ်တယ်။ဘာမှ မလိုပါဘူး r click ထောင့်ပြီး extract သာဖြေပေးလိုက်ပါ။

Saturday, August 6, 2011

Hard Disk Sentinel Pro v3.60 + Key

Redown.co ကိုဝင်ရင်းနဲ့ hard disk sentinel ကိုသွားတွေ့တယ်။ဆိုလိုတာက ကိုယ့်ရဲ့ hard disk ရဲ့ temperature နဲ့ health ထိန်းသိမ်းမှု ကောင်းမကောင်းကို အသေးစိတ်ကြည့်လို့ရမယ်။နဂို လင့်ကို မညွှန်းပဲ ဘလော့လ်လာတွေ သုံးရအောင် upload ကို ကိုယ်တိုင် တင်ထားပေးလိုက်တယ်။အရင်ဆုံး hard disk မှာ အမျိုးအစားတွေ ဖြစ်တဲ့ scsi/ide and sata (ယနေ့ခတ်သုံး) ပြီးတော့ လူကြိုက်များဆုံး ယနေ့မှာ Seagate company ကချပြတဲ့ sata(serial Ata(အာတာ))က လူကြိုက်များဆုံးပါ။အရင်တစ်ခတ်လ်သုံးက သုံးခဲ့တဲ့ SCSI Hard disk အမျိုးအစားများ ဟာယနေ့ခတ်လ်မှာ ပျောက်ကွယ်သွားပြီဖြစ်ပါတယ် သူလည်း ide cable နဲချိတ်တာပဲ ယနေ့ ခတ်လ်တောင် ide cable နဲ့ချိတ်သုံးတဲ့ ide hard disk တောင် ကွန်ပျူတာတွေမှာ ကြည့်လိုက်မယ်ဆို တွေ့ခဲပါတယ်။

အပေါ်က hard disk အကြောင်းကို သိသလောက်ဆွေးနွေးသွား ခြင်းပါ။ခု တင်ထားပေးတဲ့ Hard disk sentinel ကို သုံးပြီး hard disk ကိုယ့်ရဲ့စက်မှာ တပ်ဆင်ထားသော hard disk တွေကို ဘယ်လို ထိန်းသိမ်းမလည်း ဆုံးဖြတ်ကြည့်ရအောင်။မှုရင်းလင့်က တင်မနေတော့ပဲ အလွှယ်တကူ အောက်က လင့်မှာ ဒေါင်းယူလိုက်ပါ။Shard ware လို money purchase ပေးမှ ဝယ်ရတယ် ဖြစ်တဲ့အတွက် serial key တွေ key gen တွေ crack file တွေ တော့လိုလာမှာ အမှန်ပါ။ခုဘာမှ မလိုပါဘူး key file ပါ တင်ထားပေးထားတယ်။Key file ထည့်နည်းကို ရေးသားသွားမှာ ဖြစ်ပါတယ်။
Download ယူရန်


Set up ဆိုတာက လက်ရှိ install လုပ်ဖို့ .exe file ကို install လုပ်ပါ။ပြီးသွားပါလိမ့်မယ်။ပြီးတာနဲ့ အောက်က Hard Disk Sentinel pro(professional) version 3.60 key ကို နှိပ်လိုက်မယ်ဆို extract ဖြေခိုင်းပါလိမ့်မယ် location တစ်နေရာတောင်းလျှင် key file ရမှာ ဖြစ်ပါတယ်။Key သွင်းရအောင်

Help ကနေ Enter Registeraiton keyအပေါ် menu bar မှာ ရှိပါတယ် အဲ့ကနေ မြှားပြထားသော Load Activated file ကနေ အပေါ်က extract ပေးလို့၇တဲ့ ဖိုလ်ကို ထည့်ပေးလိုက်ပါ။လက်ရှိထည့်တာကတော့ successfully and activated ဖြစ်တယ်။ဒါဆို ရေရှည်သုံးလို့ရပြီ

ခုပေးတဲ့ ဆော့ဝဲလ်က ကို့ hard disk ကို ဘယ်တွေလုပ်သင့်သလည်း အရိုးရှင်းဆုံးပြောရရင် hard disk ရဲ့ performance လုပ်ဆောင်မှုတွေ health ထိန်းသိမ်းမှု ကောင်းမကောင်းကို ပြတဲ့သဘောပါ။ညာဘက်မှာ ပြထားတာက hard disk နစ်လုံး 74.5Gb and 298.1Gb (hard disk က အပြည့်မပြပါဘူး (ဥပမာ ဂစ် ၈၀ ဆို 74.5 ဂစ်ပဲပြထာပါ)ကိုပြထားခြင်းမှာ တွေ့တာနဲ့တင် ကို့ hard disk performance and health ကိုတွေ့ရှိပြီဖြစ်တယ်။ဘယ်ဘက်မှာ တစ်ခုခြင်းပြထားပါတယ်။
Bad sector ဆိုတာက မကောင်းတဲ့ hard disk clusters အခန်းများကို ဆိုလိုခြင်းပါ window က ဖိုလ်တွေ hard disk ပေါ်မှာ မကောင်းတဲ့ဖိုလ်တွေ များလို့ window bad files များလို့ hard disk cluster အခန်းတွေမှာ ဝင်သွားလို့ hard disk bad sector လည်းဖြစ်နိုင်ပါတယ်။ဒါကို window ကနေ hard disk bad sectors များကို စစ်လို့ရပါတယ် ဒါကို http://www.howtogeek.com/howto/windows-vista/guide-to-using-check-disk-in-windows-vista/ ဖတ်ကြည့်လိုက်ပါ။တကယ်လို့ Disk ကို hard disk sentinel နဲ့စစ်ချင်တယ်ဆို Disk (menu bar) မှာ ဝင်စစ်လို့ရပါတယ်။အသေးစိတ် hard disk health တွေ performance လုပ်ဆောင်မှုတွေ temperature ထိန်းသိမ်းမှုတွေ ကြည့်လို့ရအောင် သုံးတယ်လို့ပဲဆိုရမှာပါ။အသုံးတည့်မတည့်ကတော့ user ပေါ်မှုတည်သွား မှာဖြစ်ပါတယ် စမ်းကြည့်ဦးဗျာ။ပျော်ရွှင်ပါစေဗျာ။

Saturday, June 25, 2011

How To Disable "Press F1 To Continue"


ကွန်ပျူတာ စဖွင့်တဲ့အခါ post utility လို့ခေါ်တဲ့ hard ware devices များကို mother board ပေါ်မှာ တပ်ဆင်ထားသော hard ware devices များကို စစ်ဆေးပါတယ်။အပေါ်မှာပြထားသလိုပေါ့။Main in Processor – Intel ® 2.50 Ghz(cpu internal speed) ပြီးတာနဲ့ Memory Testing လို့ခေါ်တဲ့ ကွန်ပျူတာမှာ တပ်ထားတဲ့ ram ကို test စစ်ဆေးတာမှာ Ok ပြီးတာနဲ့ Cpu brand Name intel company ထုတ် series Celeron(ခတ်တော်တော့်ကို နောင့်ကျနေပါပြီ :D) hard disk ကို စစ်ဆေးတယ် Hitachi(company) Master jumper (sata လား ide လားတော့မသိဘူး Bios ဝင်ကြည့်မှသိမယ်) ပြီးတာနဲ့ CMOS checksum error- Defaults loaded(mother board က Cmos default loaded ဖြစ်ပါတယ်) အားလုံး ok ပြီဆိုတာမှ window ကို စတက်သွားတယ်။

Press F1 ကီးကို နှိပ်မှာ နောင့်တစ်ဆင့် boot device ကိုရွှေးချယ်ခိုင်းတာဖြစ်ပါတယ်(hard disk boot ဆို window/cd boot ဆိုလျှင်တော့ cd ခွေတက် မဟုတ်လည်း other hard ware devices boot devices)များအသီးသီး တက်သွားမှာ ဖြစ်ပါတယ်။
လက်ရှိ ပြထားသော F1 တစ်ဆင့်ခံထားတာကို ဖျောက်ရအောင်။Bios ကိုဝင်ပြီး ဖျောက်ရမှာ ဖြစ်ပါတယ်။ဘုတ် အလိုက် ကီး f10 / f12 / del key (board)အလိုက်ကွာခြားပါတယ်။Bios ကိုဝင်လိုက်ပါတယ်။

အဲ့မှာ Bios ရဲ့ detect ကြည့်ရာ Main မှာ Halt On မှာ No Error ထားပေးလိုက်ပါ။ဒါဆို ပြီးတာနဲ့ Exit မှာ Bios ကနေ save and exit နဲ့ပြန်ထွက် ok သွားလိမ့်မယ်။ဒီဆိုဒ်က ရေးထားတာတွေ့တာနဲ့ ဘလော့လ်ပေါ် ပြန်လိုက်တာပါ။
http://www.webune.com/forums/how-to-disable-press-f1-to-continue-when-booting-make-change-bios-boot-t482.html

Tuesday, June 7, 2011

Ram(system memory)type and data transfer speed

အရင်တုန်းက ကြားဖူးတာပါ။Ram ကို bios မှာ manual လုပ်တယ်ဆိုတာ။ဆိုလိုတာက ram တစ်ချောင်း အကြောင်းကို ရေးခဲ့ပေးဖူးပါတယ် building a pc part 1 မှာ ram မှာ ကြားဖူးတဲ့ 1Gb ဆိုတာက အဲ့ ram (memory computer) အလုပ်လုပ်နိုင်တဲ့ data transfer spae(အကျယ်အဝန်း) ကို ဆိုလိုတာပါ။အဲ့ဥပမာ လက်ရှိ ကျွှန်တော့်စက်ဆို ddr ram 1gb(kingstar-ram company) 458 mhz(အဲ့ memory motherboard ပေါ်မှာ အလုပ်လုပ်တဲ့ ram ရဲ့ data transfer နူန်း)1 Gb က ရမ် 458mhz အလုပ်လုပ်သွားတဲ့ ram ရဲ့ အကျယ်အဝန်း)(၂ဂစ်က ၁ ဂစ်ထက် ဘာလို့ပိုမြန်လည်းဆို space (memory chips)များတာရယ် data transfer နူန်း(mhz) များတာရယ်ကြောင့်ပါ။အဲ့တော့ ကိုယ့်ကွန်ပျူတာမှာ ပုံမှန်ဆို window တက်ပြီး my computer ကို r click ထောင့်ပြီး properties / System ကနေကြည့်မယ်ဆို ram ရဲ့ gb နူန်း space ကိုပဲမြင်ရမှာ ဖြစ်ပါတယ်။
တစ်ချို့ ram ချောင်းများမှာ ကိုယ့် ram အမျိုးအစားက ddr လား ddr 2 လား 3 လား 4 လား ဆိုတာက ရေးထားတာ ရှိသလို တစ်ချို့က company နာမည်လေးတင်ကပ်ရေးတယ်။ဥပမာ company နာမည်ပါလာမယ် ပြီးလျှင် ram gb တွေ ကြည့်လို့ရမယ်။



ဒါဆိုလျှင် ram ရဲ့ data transfer နူန်းနဲ့ ကိုယ့် ram က ဘာအမျိုးအစားလည်းဆိုတာ လက်ရှိ widow ရဲ့ basic input and output system (Bios)မှာကြည့်လို့ရမှာဖြစ်ပါတယ်။လက်ရှိ ကျွှန်တော့်ဘုတ်က foxcoon phoenix motharboar အမျိုးအစားဖြစ်ပီး del key နဲ့ Bios ဝင်ပြီး Fox Control Unit ကနေ Dram အမျိုးအစား ဖြစ်တဲ့ အတွက် DRAM Configuration ကိုဝင်ပြီး DRAM Timing selectable မှာ (By Speed and Manual)(By speed ဆိုတာက သူ့ bios က ram mhz ကို auto adjustment လုပ်ပေးတာ)(Manual ဆိုတာက အဲ့ memory ကို ဥပမာ auto adjustment က 400 mhz ဆို သူ့ က manual တိုးချင်လျှင် အဲ့ d ram အမျိုးအစား လက်ခံနိုင်သော ဥပမာ (ရမ်မာမိုရီတစ်ချောင်းမှာ အဲ့မာမိုရီက 400 mhz နဲ့ 700 mhz ဆို အဲ့အတွင်းမှာပဲ သူက memory data transfer speed ကို တိုးလို့ရမည် ဖြစ်သည်။အဲ့အတွင်း အဲ့ကြားလက်ခံခြင်းဖြစ်သည်။)
ပုံမှန် က ram memory တစ်ချောင်းကို manual လုပ်တယ်ဆိုတာ သူ့ Bios က auto adjustment ပဲကောင်းတယ်။Hard disk လိုပေါ့။Motherboard က auto detect လုပ်သလိုပေါ့။Bios ကလည်း သူ့ mother board က တပ်ထားသော ram memory(system memory)ကို motharboad ကတော့ fix ဖြစ်အောင် တော့ ချိန် ညှိမှာပဲ Bios ကနေ)ဒါကို ထပ်တိုးပြီး manual လုပ်ရင်ကောင်းလား ဆိုတော့ မကောင်းဘူးရယ် မဟုတ်ဘူး ကောင်းရယ် မဟုတ်ဘူး အနည်းငယ်သာ တိုးပြီး manual လုပ်ပြီးတိုးတာ အကောင်းဆုံးပါ။ဟိုးတုန်းက တိုးဖူးတယ် 400 mhz ကနေ 558 mhz ကိုတိုးထားလိုက်တာ)ပီးတာနဲ့ save and exit နဲ့ထွက်တာပေါ့။ပြီးတော့ computer ကိုဖွင့်တယ် ပန်ကာလည်း မလည်ဘူး ဘာကို ဘာမှ မတက်တော့တာ။ဒါနဲ့ ပျက်ပီထင်တာ။လက်သရမ်းတာလေ ၊ နောင့်တော့မှ cmos ချိုးပေးမှ စက်က ပုံမှန် bios ကို company default ထားလိုက်မှပဲ စက်က ပုံမှန် bios setting ကိုပြန်ချိန်ပေးတယ်။

Wednesday, February 16, 2011

EASEUS Partition Master v6.5.1 Professional Edition

ဝင်းဒိုးတင်ပြီးမှ partition ပြန်ပီး resize and create လုပ်ချင်သူတွေ အတွက် EASEUS Partition Master 6.5.1 Professional Edition ကို torrent ကနေ ဒေါင်းပြီးတာနဲ့ တင်ထားပေးပါတယ်။အရင်ကလည်း paragon partition manager နဲ့ပိုင်းပြပေးခဲ့ဖူးပါတယ်။ခုအောက်မှာ လက်ရှိ EASEUS Partition Master 6.5.1 Professional Edition နဲ့ ဟက်ဒစ် partition c အခန်းကို ပိုင်းပြပေးသွား မှာဖြစ်ပါတယ်။မပိုင်းခင် အသုံးတည့်သော ကိုယ့်ရဲ့ os တောင်းဆိုမှုက - System Requirements: Windows 2000/ XP/ Vista/ 7 (x32/x64)ပါ။ကဲလွယ်ကူစွာ mediafire ကနေပဲတင်ထားပေးပါတယ်။
-စာလာဖတ်တဲ့ သူငယ်ချင်းများဘက်က ဆွေးနွေးလိုကလည်း သို့မဟုတ် ဝင်ရောက်ပီးဖြည့်စွက်လိုကလည်း comment or chat box မှာဆွေးနွေးနိုင်ပါတယ်။




လက်ရှိက partition c အခန်းကိုပိုင်းပြပေးမည်ဖြစ်တဲ့အတွက် (မှတ်ချက် စက်က ဟက်ဒစ်လ်နှစ်လုံးတပ်ဆင် ထားသည်ဖြစ်တဲ့အတွက် Disk 1 and Disk 2 လို့ပေါ်နေခြင်းဖြစ်သည်။လက်၇ှိ partition c ကို ထောင့်ပြီး အပေါ်မှာ ပြထားသော Resize/Move ကို သွားလိုက်ပါ။ပြထားသော မြှားအတိုင်း လိုချင်သော partition size တစ်နေရာကို သတ်မှတ်ပေးလိုက်ပါ။ပီးရင် Unallocated Space Before က size ကို Unallocated Space After မှာကူးလည့်ပေးလိုက်ပြီး OK ကိုပေးလိုက်ပါ။

ဒါဆို စောစောက ပိုင်းထားသော partition c ကို အပေါ်မှာ Unallocated Space Before ထားလိုက်လို့ ကျန်ရှိသော ပြီးနောက် Unallocated Space After ကိုမြင်တွေ့ရပြီးနောက်မှာ r click ထောင့်လိုက်ပြီး Create ကိုပေးလိုက်ပါ။

အပေါ်ကလို pop up menu တက်လာပါက Partition label ကို လက်ရှိ M နာမည်ထားပေးလိုက်ပါ။File System NTFS နဲ့ပဲပိုင်းပါ။Drive Letter ကို None ပဲထားပေးလိုက်ပါ။ပီးတာနဲ့ OK ပေးလိုက်ပါ။

ပြီးသွားလျှင်တော့ ပြထားတဲ့အတိုင်း Apply ကိုပေးလိုက်ပါ။ပိုင်းထားတဲ့ hard disk drive

Download EASEUS Partition Master v6.5.1 Professional Edition
ဒီပို့စ်ကို pdf file စာဖတ်တာပုံမရလျှင် ဒီက ဆွဲယူဖတ်ပါ
http://www.mediafire.com/?3tccu39gafum3m9

Tuesday, January 18, 2011

boot device manager fail



Friday, December 17, 2010

info of hard disk destory


Hard disk တစ်လုံး ပျက်စီးနိုင်ဖို့ ဖြစ်နိုင်လား?မိတ်ဆွေတို့ဘက်ကရော ဘယ်လိုထင်မြင်လည်း?ဆိုလိုတာက ဘယ်လို အချက်တွေကြောင့် hard disk ပျက်စီးနိုင်လည်း?ဘယ်လိုအချက်တွေကြောင့် ဟက်ဒစ်လ်ကိုပျက် ပြီ လို့ယူဆလို့ရပြီလည်း။အရင်ဆုံး ဖြစ်နိုင်ချေတွေကို စပ်စပ်ပြီးစရေးသားပါ့မယ် မိတ်ဆွေတို့ဘက်ကလည်း အဆိုပါ အချက်ကို ဝင်ပြီးဆွေးနွေးလို့ရပါတယ် chat box or comment box ကနေပါ။ဆိုလိုတာသိသလောက် ပေါ့။ဒီလိုဗျာ ဟက်ဒစ်တစ်လုံးကို အရင်ဆုံး စတင်ရင်းနှီးအောင် အရင်ပို့စ်တွေက ရေးပြီးစား ဖြစ်ပါတယ်။အောက်က ချပေးထားသော link ကနေဖတ်ယူလိုက်ပါ။

ဟက်ဒစ်လ်တစ်လုံးသည် အဖုံးဖွင့်လို့ လေဝင်လို့ ပျက်စီးနိုင်သလို မီလောင်ပြီး heat များပြီး (ဆိုလိုတာက motherboard )ကနေ over voltage ကနေ power voltage များလွှန်းလျှင်းလည်း ပျက်စီးနိုင်ပါတယ်။ဖုန်ဝင်လို့ ပျက်စီးတာ နည်းပါတယ်။ပျက်စီးမှု ဆိုင်ရာ အချက်မျိုးမျိုးကြောင့် ဖြစ်တက်သာ များပါတယ်။ဆိုလိုတာက ဘယ်လိုအချက်တွေကြည့်ပြီး ကိုယ့်တပ်ထားတဲ့ hard disk ကိုပျက်ပြီလို့ အပြီးတိုင်ယူဆသင့်တာကိုပဲ လက်ခံဖို့ကအရေးကြီးပါတယ်။ဆိုလိုတာက တစ်ချို့ ဆိုဟက်ဒစ်လ်က မပျက်ပါဘူး။ဝင်းဒိုးလေး မတက်ဘဲ black screen သို့ blue screen တက်လာလျှင်ပဲ သို့မဟုတ်လည်း ငါ့စက်က ဟက်ဒစ်လ်က အသံတွေ(လေတိုးသံ)လို ဝင်လာပြီးကြားတာကိုပဲ ဟက်ဒစ်လ်ပျက်ပြီလို့ယူဆပါ တယ်။တစ်ချို့က ram ကဖြစ်ပြီး hard disk ကဖြစ်တယ်လို့ယူဆမိပါတယ်။တစ်ခါကလက်တွေ့လေးပါ။ဘာ ရယ်တော့မဟုတ်ဘူး window သုံးတာကိုပဲ ခနခန ဟမ်းနေတာ (ဆိုလိုတာက refresh time ပေးတာလောက် ဟမ်းတာဆိုတော့ နည်းနည်း ခေါင်းခြောက်သွားတယ် ပြတာက blue screen ပဲ memory dump error လိုမျိုးပုံစံမျိုးပါ)အဆိုပါပို့စ်ကို အောက်ကလင့်ကနေ ဖတ်ယူလိုက်ပါ။

http://www.phoothar3.co.cc/2010/12/memory-dump-blue-screen-error.html
အဲ့လိုဖြစ်ပျက်တာတွေ user မျိုးစုံဖြစ်ဖူးမှာပါ။ဆိုလိုတာက ဟက်ဒစ်လ်ပျက်မပျက်ဆိုတာ ဘယ်လို အချက်တွေ ကြည့်ပြီး ယူဆသင့်လည်း?ကျွှန်တော့် အတွေ့ကြုံလောက်နဲ့ရေုးသားသည့်အတွက် အားနည်းချက်ရှိရင် နားလည်ပေးပါလို့ အရင်တောင်းဆိုပါရစေ။

ဥပမာစက်တစ်လုံး ဝင်းဒိုးတစ်ခု တက်မတက်ဆိုတာ (window ဆိုတာ hard disk မှာ os ဆောင်းပြီးမှ bios မှာ boot device hard disk ခေါ်ပြီးမှ window os )တစ်ခုကို ဖြစ်မြောက် အောင်မြင်စွာ သုံးစွဲနိုင်မှုဖြစ်ပါတယ်။အဲ့တော့ ဟက်ဒစ်လ်က အမျိုးအစားလိုက်ရှိပါတယ်။ဒါပေမယ့် အဓိက သိရမယ့်အချက် နှစ်ချက်က main power cable (ပါဝါအဝင်နဲ့) data cable(ide cable/80 pins or 40 pins (or) sata cable) )ကိုသိနားလည်ဖို့လိုပါတယ်။အဆိုပါ ကြိုးနှစ်ချောင်းလွှတ်လို့ကလည်း ဟက်လ်ဒစ် တစ်လုံး ကောင်းစွာ အလုပ်မလုပ်နိုင်ပဲဖြစ်ပါတယ်။ဆိုလိုတာက data cable လောက် m board မဝင်လျှင်ကို bios coms setup utility မှာ auto detect မဖြစ်ပါဘူး။ဆိုလိုတာက m board ပေါ်မှာတပ်ဆင်မှုအောင်မြင်ကြောင်းကိုပါ အဆိုပါ ပို့စ်ကို အောင့်ကလင့်မှာဖတ်ယူလိုက်ပါ။
http://www.phoothar3.co.cc/2010/10/basic-input-output-systemstandard-cmos.html
နောင့်တစ်ချက်က သိသလောက်တော့ jumper setting ချိုးတက်ရပါ့မယ်။အပေါ်လင့်က building a pc part 2 မှာ ရေးပြီးသားဖြစ်ပါတယ်။Master or slave ချိုးတာမှားလို့ hard disk auto detect မဖြစ်တာလည်းရှိပါတယ်။IDE hard disk သမားများအတွက် နှင့် SCSI hard disk သမားများ အတွက်ပဲ master or slave ချိုးတက်ဖို့လိုပါတယ်။လက်ရှိသုံးနေကြတဲ့ serial sata hard disk များက data cable လို့ခေါ်တဲ့ sata cable များဟာ jumper setting သတ်မှတ်ချက်မရှိပါဘူး။ကြိုးကို ဖင်တပ်တပ် ခေါင်းတပ်တပ် တပ်လို့ရသော အမျိုးအစားဖြစ်ပါတယ်။“


နောင့်တစ်ချက်က သင့်ရဲ့ အသုံးပြုသော mother board ပေါ်မှာ၇ှိသော hard disk များတပ်ဆင်ဖို့ port နှစ်မျိုး ဖြစ်တဲ့ sata port (အများဆုံး 8 port လောက်ထိတော့ မြင်ဘူးပါတယ်(ဆိုလိုတာက sata hard disk (data cable(sata cable)များတပ်ဆင်ဖို့ပါ။သို့မဟုတ်လည်း ide cable တပ်ဆင်ဖို့ mother board ပေါ်က ide connector(motherboard ide connector လို့ခေါ်ခေါ်မဟုတ်လည်း m board ide port)လို့ခေါ်ခေါ်ပါ နီးစပ်ရာခေါ်ခေါ်ပါ အဆိုပါ ide and sata mother board connector များ ချောင်မချောင်(ချောင်နေလျှင် လည်း auto detect မဖြစ်ပါဘူး bios ပိုင်းမှာ)မဟုတ်လည်း connectors များမှာ ကြိုးများ ထိုးလာသည်နှင့်အမျှ အဆိုပါ ports မျာဟာ ချောင်လာတက်ပါတယ်။သို့မဟုတ်လည်း ကြိုးလို့ ဖြစ်စေ ဘယ်လိုဖြစ်ဖြစ် ပျက်စီးထိုယွင်းမှု ဆိုင်ရာ အချက်များစွာရှိပါတယ်။



နောင့်တစ်ချက်က သုံးနေသော hard disk ရဲ့ data connector များချောင်နေလို့ဖြစ်စေ power cable ထိုး power connector များချောင်နေလို့ဖြစ်စေ ကျိုးလို့ဖြစ်စေ jumper settings connector ချိုးပေးသည့်နေရာမှာ setting ထားမှားလို့ဖြစ်စေ ဖြစ်တက်တာတွေ များလှပါတယ်။နောင့်တစ်ချက်က ဟက်ဒစ်လ်တစ်လုံး ဆိုတာ အစားလိုက်ရှိပါတယ်။တစ်ချို့ company များဆို format သက်တမ်းခံလေ့ရှိတယ်(အဆိုပါ ဟက်ဒစ်လ်မျိုး သည် သူငယ်ချင်းတစ်ယောက်ပြောတာ ကြားဖူးတာပါ format ဘယ်လောက် clean နဲ့ရိုက်မလည်းပေါ့(clean installation နဲ့ရိုက်တယ်ဆိုတာ window တင်ရင်း format ၇ိုက်တဲ့အဆင့်ပါ)ကျန်တော်လက်၇ှိသုံးနေသော ဟက်ဒစ်လ်နှစ်လုံး တစ်လုံးက 80GB တစ်လုံးက 320 GB ပါ။တင်လိုက်တဲ့ ဝင်းဒိုးတွေ ခုထိတော့ ဘာမှမဖြစ်သေးပါဘူး။နောင့်တစ်ချက်က ဘယ်လိုအကြောင်းရာတွေကြောင့် မိတ်ဆွေတို့ ဟက်ဒစ်လ်ကို ထိခိုက် စေနိုင်လည်း?ဆိုလိုတာက window clean ၇ိုက်တင်လျှင်ကို regular format နဲ့ quick format ဆိုတာရှိပါတယ်။Quick formatting ၇ိုက်ခြင်းကိုရှောင်ပါ။နည်းပညာဆိုတာ ကျယ်ပြန့်လှသလို device များကလည်း မတူညီလှသလို အသုံးပြုသူတွေရဲ့ အသုံးချသွားမှုကို မူတည်ပြီးပြောလို့တော့ မရပါဘူး။ဒီလိုပဲ ဖြစ်နိုင်တဲ့ အချက်တွေထဲမှ ဖြစ်နိုင်လောက်တဲ့ အချက်တွေကို ခင်းပေးလိုက်တာပါ။ဘယ်လိုဖြစ်ဖြစ် ပျော်ရွှင်ပါစေ ခင်ဗျာ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်


Tuesday, December 14, 2010

Must reading hardware present books


ဘာလိုလိုနဲ့ merry Christmas တောင်ရောက်တော့မယ်။ကျောင်းတွေပိတ်ကြတော့မယ်လေ အဲ့တော့ အချိန်အတိုင်းတာ တစ်ခုတော့ပိုလာပြီ။ဘယ်လိုဖြစ်ဖြစ် ကိုယ့် ကျောင်းကသူငယ်ချင်းများ ဖတ်လို့ရအောင် သို့မဟုတ်လည်း သီးခြားကျောင်းက သူငယ်ချင်းများဖတ်ရအောင် ဟက်လ်တော့ ဟက်လ်ပါဘဲ ဒါပေမယ့် hacker စာအုပ်တော့မဟုတ်လောက်ဘူး။ဒီလိုမေးလာလို့ပါ ဟက်ဝဲလ်ပိုင်းတွေ ကျွှမ်းကျင်အောင် ဘယ်လိုလုပ်မလည်းပေါ့?Hardware ပိုင်းသည် ဆိုရသလောက် application software programs များလောုက်တော့ မကျယ်ပြန့်ပါဘူး။နိုင်းယှဉ်ပြတာပါ

application softwares ဆိုတာလည်း ခု download ချ ခုသုံးကြည့်တက်လောက်တဲ့ programs များလောက်ပဲ။အနည်းဆုံး basic level လောကို အသုံးချရအောင် Microsoft company or other detail companys များက programs များကရေးဆွဲတယ် ဆိုတာလည်း လူတစ်ယောက် ကေင်းစွာ အသုံးချလို့ရအောင် ရေချဆွဲပြီးသား programs များဖြစ်ပါတယ်။ဘယ်လို ဖြစ်ဖြစ်ပါ။လက်တလော merry Christmas ကလာတော့မယ်လေ ကိုယ့်မှာလည်း ပေးစရာဆိုလို့ ဘာမှမရှိဘူး မွဲလို့လေ။အဲ့တော့ ဟက်ဝဲလ်ပိုင်းတွေကို ဘယ်လိုလေ့လာမလည်း?ဘယ်လိုစာအုပ်တွေ အဓိကထားဖတ် သင့်လည်း?ဘယ်လိုအတွေးခေါ်တွေနဲ့ စပ်စပ်ပြီး စာနဲ့ ကွန်ပျူတာကို တွဲဖတ်အသုံးချသင့်လည်း?အောက်မှာ စပ်စပ်နိုင်းယှဉ်ပြသွားမှာပါ။

လက်ရှိ ဘယ်လိုကွန်ပျူတာ ပြင်သမားများမှာမဆို ဘယ်သူမှတော့ ဒီတိုင်းကြီးတော့ တက်မလာပါဘူး။ကွန်ပျူတာ ဆိုတဲ့ ဝေါဟာရကလည်း ခေါ်ရာတာက သုံးလုံးတည်း အာထိလျှာထိပေါ့ ကျယ်ပြန့်စွာ လေ့လာမယ်ဆို ကုန်တယ်လို့မရှိဘူးလေ ။Information တွေကလည်း ခတ်အလိုက် ပြောင်းလည်းသိလို softwares များကိုပဲကြည့် နာမည်တစ်ခုကို version ဘယ်လောက်လောက်ဆိုပြီး မြှင့်လာတာ။အဲ့လိုပါဘဲ လေ့လာတယ်လို့တော့ ကုန်ဖွယ်မရှိဘူး။တစ်နှစ်လေ့လာရင် တစ်နှစ်နဲ့ညီမျှတော့ အတွေ့အကြုံဆိုတာဖြစ်လာတယ်။အဲ့လိုပါဘဲ ဟက်ဝဲလ်ပိုင်းကိုသိဖို့ စာတွေများစွာ ဖတ်ဖို့လိုပါတယ်။ပြီးတော့ စပ်စပ်တွေးခေါ်တက်ရတယ်။ဆိုလိုတာက ဟက်ဝဲလ်ပိုင်းတွေ စာအုပ်တွေလည်း ဖတ်ပြီးပီး ဒါပေမယ့် ခုတော့ ကွန်ပျူတာတော့ မဖြုတ်တက်သေးဘူး။ဘာလိုအပ်လို့လည်း?အတွေ့ကြုံဆိုတဲ့ ကိုယ်တိုင်လက်တွေ့အသုံးချ မှုဆိုတာလိုအပ်ပါတယ်။ကျွှန်တော်ကတော့ ဥပမာ ကွန်ပျူတာကို လေ့လာတာထက် စိတ်ဝင်စားစေလိုတယ်။ လုပ်ကြည့်ပါ။ကွန်ပျူတာဆိုတာ စိတ်ဝင်းစားပီးလုပ်တာ ပိုထိရောက်ပါတယ်။နည်းနည်းသိလာတာနဲ့အမျှ စာတွေလိုက်ဖတ်တယ် ကိုယ်တိုင်လက်တွေ့အသုံးချတယ်။ဆိုလိုတာက စာဖတ်လိုက်ပြီးလျှင် ကိုယ့်စက်ကို ပြင်လိုက်ပေါ့။ကြာတော့ တစ်နှစ်နှစ်နှစ်လောက်ကြာလျှင်ကို စက်ရဲ့ အခြေခံသဘောသဘာဝကို နားလည်လာမှာ ဖြစ်ပါတယ်။များများ ဖြုတ်ကြည့်တပ်ဆင်ကြည့်တဲ့လူဟာ ဘာမှမလုပ်ပဲ စာဖတ်နေတဲ့ လူထက် များစွာ တိုးတက်ပါတယ်။ဖတ်ဖူးတဲ့ စာအုပ်တွေကိုချပေးမယ်။Hard ware ပိုင်းစာအုပ်တွေ။တကယ်လိုအပ် လောက်မယ့် စာအုပ်ပါ။လက်၇ှိ ကျွှန်တော်ဖတ်သမျှပေါ့။သိအောင်ဂဂနန လုပ်ထားလျှင် ကိုကောင်းတယ် လို့ဆိုရပါ့မယ်။ဆရာဦးဇော်လင်း ရေးတာကိုတော့ မြန်မာကသူငယ်ချင်းများ ဆိုင်တွေမှာ ဝယ်လို့ရမှာဖြစ်ပါ တယ်။ကျွှန်တော့် သူငယ်ချင်းတစ်ယောက်ကိုမေးတာပါ မင်း A+ စာအုပ်ဘယ်လောက်ပေါ်ရလည်းပေါ့ 4500 kyats ဆိုတော့ ဒီစစရောက်တုန်းက ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ပါ။တော်တော်လေးကို ကောင်းပါတယ်။ပြီးတော့ အဆိုပါ စာအုပ်နဲ့အတူ ဆရာမျိုးသူရရဲ့ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းလမ်းများ စာအုပ်ပါ ထပ်ချပေးထားလိုက်မယ်။နောင့်ပိုင်းထွက်ပေါ့။အဆိုပါ နှစ်အုပ်နဲ့အတူ link ညွှန်းပေးလိုက်မယ်။တစ်ခုက ကျွှန်တော်ရေးဖူးတဲ့ hard ware ပိုင်းပါ။နောင့်တစ်လင့်က ကွန်ပျူတာ တစ်လုံး desktop တစ်လုံးကို တပ်ဆင်သွားပုံပါ။လေ့လာကြည့်ပါဗျာ

ဆရာဦးဇော်လင်းရေးသားတာပါ http://www.4shared.com/get/277949435/c6b80813/A__U_Zaw_Lin_.html
ဆရာမျိုးသူရရဲ့ကွန်ပျူတာပြုပြင်ထိန်းသိမ်းနည်းလမ်းများ
http://www.4shared.com/get/288298777/4b1f2330/hardware_basic.html
လက်ရှိ သိသလောက်ရေးထားသော ကျွှန်တော့် pdf files
http://www.phoothar3.co.cc/2010/08/building-pc-part-2-1cpu-installation.html
http://www.phoothar3.co.cc/2010/08/hardware-software-hardware-processor-or.html
http://www.phoothar3.co.cc/2010/10/shopping-of-laptop-computer.html
http://www.phoothar3.co.cc/2010/10/basic-input-output-systemstandard-cmos.html
http://www.phoothar3.co.cc/2010/11/advanced-bios-featuresbios.html
အဆိုပါစာအုပ်များနှင့်အတူ အောက်ကချပေးသော Movie files များကို ကြည့်လိုက်ပါ။
http://www.phoothar3.co.cc/2010/07/download-now-movie.html
http://www.phoothar3.co.cc/2010/07/hardware-movie-casing-hadware.html

စာနဲ့ hard ware errors များကိုစပ်စပ်တွေးခေါ်ဖို့ အောက် ကလင့်က စာအုပ်ကိုဖတ်ပါ။

PC MECHNAIC BY ZAW LIN http://www.4shared.com/get/289072739/f3f93f89/PC_MECHNAIC_BY_ZAW_LIN.html
Basic level အတွက် အောက်ကလင့်က ညွှန်းထားတာကိုဖတ်လိုက်ပါ။လက်ရှိ ဖတ်ဖူးသမျှ ကောင်းပြီး တကယ်ကို အသုံးဝင်တဲ့ pdf files တွေကို ချပေးလိုက်တာပါ။စာဖတ်ရင်း ပျော်ရွှင်စွာလေ့လာနိုင်ပါစေဗျာ။

ကွန်ပျူတာအခြေခံ ဆရာရဲထွန်းဝင်းရေးသားထားပါသည်
http://www.4shared.com/get/288268108/123c4305/basicofPC.html
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Monday, December 6, 2010

Memory dump blue screen error


ဒီလိုဗျာ ဖြစ်သွားတာလေး ကိုတွေ့လေးပါ။လက်၇ှိ သုံးနေတာက os 7 ပါ။ဒါပေမယ့် ကျွှန်တော့် ဝင်းဒိုးက ကျွှန်တော်ဆို application softwares တွေကို အလွှန်အကျွှံဒေါင်းပါတယ် အလကားရတာကိုး။ဒါပေမယ့် လက်၇ှိ window က နှစ်ခုတင်ထားတယ်။Xp and 7 ပေါ့။ဒီလို အပေါ်က physical memory beginning dump ဆိုတဲ့ errors မျိုးဟာ users အများစု တွေ့ဖူးမှာပါ။ဒီကောင်က hard disk နဲ့ပတ်သတ်လို့ bsod(blue screen of death) ဆိုတာ အပေါ်က အလားတူ errors မျိုးပဲ။အရင်ကလည်း Blue screen of death errors များကို ကျွှန်တော် ချပြပေးဖူးပါတယ်။ခုက အဲ့လို blue screen တော့ blue screen ပဲဒါပေမယ့် Memory dump ဖြစ်တဲ့ errors/အရင်ဆုံး အထက်ပါ errors ကြောင့် ဖြစ်လာတဲ့ ဆိုးကျိုးတွေကို ဖတ်ကြည့်ပါ။

ဝင်းဒိုး refresh ပေးတာ refresh delay ဖြစ်တယ်။နောင့်တစ်ချက်က os task bar ကို ထောင့်တာနဲ့ စက်က ဟမ်းကျသွားတာ။ပြီးတော့ application softwares မြင့်မြင့်သုံးလျှင် hunting ဖြစ်သွားတာမျိုး(ဆိုလိုတာက photoshop တို့ corel draw တို့ကိုဆိုလိုတာပါ။ပြီးတော့ g talk ချက်၇င် hunting ဖြစ်တာရယ် နောင့်တစ်ချက်က browser တွေ loading ဖွင့်လိုက်လျှင် crash ဖြစ်သွားတာမျိုး(ဆိုလိုတာက ဖွင့်ရပဲ restart browser)မျိုးပဲ တောင်းတာမျိုး နောင့်ပီး fire fox browser ဖွင့်လိုက်မှာ စက်က ဟမ်းကျတာ တစ်ခါတစ်လေ စက်က over restart ထိုးချလိုက်ရတာပါ။Over restart ဆိုတာ စက်ကနေ restart button ထိုးပိတ်လိုက် တာမျိုးပါ။Task manger ကိုခေါ်ပီး restart ချတာ သို့မဟုတ်လည်း stat menu bar က restart ချတာက low restart ချတာပါ။ဒါက ကျွှန့်တော့်သတ်မှတ်ချက်ပါ။Over clocking ဆိုတာ ကြားဖူးလောက်မှာပါ။Cpu ကို task manger ကိုခေါ်ပီး shut down ချလိုက်ယ်ဆိုတာ over clocking ကိုသုံးလိုက်တဲ့သဘောပါ။သို့မဟုတ်လည်း shut down ထိုးချတာ restart button ကို casing ပုံကနေထိုးချတာ။အဲ့လိုကို over working on computer လုပ်လိုက်တာပါ။မကောင်းဘူးလားမေးလာလျှင် သုံးနေသော os window နှင့် hard wares devices များကို အနည်းနှင့်အများကတော့ ထိခိုက်စေတာပါ။

ဒီတော့ တစ်ချို့က blue screen of death တွေကို ဆော့ဝဲလ်သုံးပြီး ဖြေရှင်းတယ်။ကျွှန်တော်ကတော့ hard ware ပိုင်းပစ္စည်း လွှတ်မလွှတ် detect ဖြစ်မဖြစ်တာကို တစ်ချက်ကြည့်တယ်။သို့မဟုတ်ပဲ window os က ဖြစ်လာပါက soft wares ကိုသုံးပါတယ်။အရင်ဆုံးအပေါ်က memory dump ဖြစ်တယ်ဆိုတော့ လက်၇ှိ ကျွှန်တော်က ဒီနည်းနဲ့ဖြေ၇ှင်းလိုက်တယ်။Casing က motherboard ram slots များကို ပြောင်အောင် တိုက်တယ်။ပြီးမှ ram chips များကို ဆုတ်တံနဲ့တိုက်တယ်။ပြီးမှ ram sticks များကို ခဲဖျက်နဲ့တိုက်ထုတ် သို့မဟုတ်လည်း ဝါဂွှမ်း သို့မဟုတ်လည်း အဝတ်ပါးပါး ကြိုက်တာနဲ့ သုံးလို့ရပါတယ် အဆင်ပြေသလိုပါ။သို့ပေမယ့် တအားတော့ အကြမ်းစေနဲ့ပေါ့။အဲ့လိုနဲ့ အဆင်ပြေသွားတာ ဝင်းဒိုးလည်း တပ်ရော အရင်လို hunting လည်းမဖြစ်တော့ဘူး။ဒီလိုလုပ်ရတာ ဘယ်လိုဆုံးဖြတ်ချက်ချလည်း?
လက်၇ှိ os hunting ဖြစ်တယ်ဆိုတော့ အရင်ဆုံး virus ကြောင့်လား တစ်ချက်စဉ်းစားတယ်။Anti virus protection status မှာ % က 0 ဆိုတော့ attacks မဖြစ်လောက်ဘူး။အဲ့လိုမှ hunting ဖြစ်တယ်ဆိုတော့ ပုံမှန် safe mod ခေါ်ကြည့်ပီး တက်ကြည့်တယ်။ဒီလိုပဲ တက်ပါတယ်။အဲ့တော့ hard disk ကြောင့်လားဆိုတော့ သူငယ်ချင်း ide hard disk ကို ဝင်းဒိုးတပ်ကြည့်တယ်။ဒီလိုပဲ hunting ဖြစ်လာတယ်။အဲ့တော့ အပေါ်က errors မှာကလည်း memory dump ပြတော့ အထက်က အချက်နှင့်အညီ ဆုံးဖြတ်တာပါ။ဘယ်လိုဖြစ်ဖြစ် လေ့လာရင်းပျော်ရွှင်ပါစေဗျာ။Memory stick and memory chips များကို အောက်ကလင့်မှာ ရေးပေးထား ပြီးဖြစ်ပါတယ်။
http://www.phoothar3.co.cc/2010/09/q-and-4.html
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Sunday, October 31, 2010

Paragon.Partition.Manager.v9.0.Professional.Retail


Window os တင်ပြီးမှ partition ပိုင်းချင်သူများ အနေနှင့် အသင့်တော် ဆုံးဖြစ်မယ်ထင်တဲ့ Paragon.Partition.Manager.v9.0.Professional.Retail version တစ်ခု ပြပေးပါရစေ။ဒီကောင့်နဲ့ ပိုင်းမယ့် အသုံးပြုတဲ့ လူတော်တော်နည်းလောက်မယ် လို့ထင်တယ်။တစ်ချို့က partition magic နဲ့ပိုင်းတက်ကြတယ် လေ။W 7 သုံးသမားများကတော့ အခက်တွေ့ကြတယ်။ဘယ်လိုဖြစ်ဖြစ် Paragon.Partition.Manager professional ကိုထင်ထားပေးတယ်။Professional ဆိုတော့ ပြောစရာမလိုလောက်ဘူး။အရင်စမ်းထုတ်တဲ့ beta version တွေထက်တာ့သာလွှန်ကောင်း မွန်ပီးသားပါ။ဒေါင်းလော့လုပ်လိုက်ပါဦး။






အ၇င်ဆုံး ကျန်တော်က partition တစ်ခန်းကို စတင်ပြီး creating လုပ်မယ့် ပိုင်းကနေ စေ၇းပါ့မယ်။ဘာကီး မှထည့်စရာမလိုဘူး၊အရင်ဆုံး Partitioning ကနေ creating partition တစ်ခန်းကိုလုပ်ပေးမည် ဖြစ်တဲ့အတွက် Create Partition ကိုသွားပါတယ်။Next ကိုအဆင့်လိုက်သွားပါ

ပြီးလျှင် Min Volume Size မှာ ထားချင်သော new partition ကို GB size သတ်မှတ်ပေးပါ။ပြီးလျှင် Next ကိုဆက်သွားပါ။

ပြီးလျှင် Partition type မှာ ကိုယ့်က create လုပ်ထားသော new partition ပိုင်းတဲ့နေ၇ာမှာ format ဘယ်လို file system နဲ့ပိုင်းချင်လည်း ဆိုတာကိုေ၇ွှးပေးပါ။လက်တလော NTFS file system ကိုရွှေးထားပါသည်။Window 98/Window 95 and earlier window များသည် FAT file system များကိုသုံးကြပါသည်။ခုနောင့်ပိုင်း Window 2000 မှစပြီး XP,Vista/7 နောင့်ပိုင်းဝင်းဒိုးများသည် NTFS file system များကိုသုံးပြီး hard disk formatting ၇ိုက်လေ့၇ှိပါသည်။ပြီးလျှင် Assign the following drive letter မှာ hard disk new partition Drive letter သတ်မှတ်ပေးပါ။Drive letter K: သတ်မှတ်လိုက်ပါတယ်။

ဒီအဆင့်မှာ Yes apply the changes physically ကိုရွှေးပေးပါ။

ပြီးလျှင် partition ပိုင်းဖို့ file system formatting တောင်းပါတယ်။Format disk ကိုပေးလိုက်ပါ။

ပြီးလျှင် ကိုယ့်ပိုင်းထားတဲ့ Hard disk partitions များကိုကြည့်လိုက်ပါ။ခု local disk *Drive letter K Partition တစ်ခန်းကို တွေ့ရတယ်။GB တော့အပေါ်မှာ သတ်မှတ်ထားပေးတဲ့ 5.35GB ပါ။ဒါဆိုအဆင်ပြေလောက် ပါတယ်။


နောက်ဆုံးပိုင်းလိုအပ်လောက်မယ့် hard disk partition ပိုင်းတာနဲ့ ရေးပြပေးတော့မယ်။Create partition ဆိုတာ hard disk partition အသစ်ပိုင်းတာ/Format partition ဆိုတာ ပိုင်းပြီးသား hardisk ကို formatting ၇ိုက်တာ(ဆိုလိုတာက hard disk ကို format ရိုက်လျှင် အဆိုပါ partition) clusters အခန်းများမှာ files များ ကို format ၇ိုက်ထုတ်လိုက်ခြင်းပါ)Delete partition ဆိုတာ format နဲ့မတူပါဘူး။Window တင်လျှင် delete နဲ့ format ဆိုတာ ကြားဖူးလား delete ဆိုတာ partition ကို delete ပေးလိုက်လျှင် ဖျက်ထုတ်လိုက်ခြင်းပါ format ဆိုတာ အဆိုပါ partition က files များကို hard disk clusters များမှ အပြီး format ဖျက်ထုတ်လိုက် ခြင်းပါ။Merge Partitions ဆိုတာ partitions များကို စုပေါင်းခြင်းပါ။Redistribute ဆိုတာက distribute ဆိုတာ လျှော့ချတာ re ပါတဲ့အတွက် တစ်ဖန် လျှော့်ချပစ်တာပါ partition size ကို။ဒါလောက်ဆို သုံးရတာ အဆင်ပြေမှာပါ။ဘယ်လိုဖြစ်ဖြစ် free ware ဆိုတာ လက်တည့်စမ်းကြည့်အုံး။အဆင်ပြေပါစေ fris

ဒီပို့စ်ကို PDF FILE လိုချင်ရင်


Thursday, October 21, 2010

Hardware knowledge

အရင်တုန်းက ကြာတော့ကြာခဲပါပီ။ကျွှန်တော် ဒီကိုစစရောက်ချင်းက ဆိုပါတော့ သူငယ်ချင်းတစ်ယောက် အကူညီတောင်းပါတာ။မြန်မာက သူငယ်ချင်းဆိုပါတော့။Computer hardware ပိုင်းပုံတွေ ပို့ပေးလိုက်တယ်။ပုံ ၁၃၀ ကျော်လောက်ရှိမယ် ထင်တာပဲ။သူက ဒီလိုအကူညီတောင်းတာပါ။ခုပို့ပေးတဲ့ hardware ပိုင်းတပ်ဆင်ပုံ တွေကို တပ်နိုင်သလောက် ၇ှင်းလင်းအောင် ပုံတွေကို နာမည်နဲ့စာတွေကို နိုင်သလောက်လုပ်ပေးပါဆိုလို့ လုပ်ထားပေးတာပါ။အဲ့တုန်းက xp သုံးနေခိုက်ဆိုတာ့ os 7 paint လောက်တော့ လှပအောင် မပြင်ဆင်နိုင်ခဲ့ ပါဘူး။ဘယ်လိုဖြစ်ဖြစ် ကြည့်ရတာ အဆင်ပြေအောင်တော့ လုပ်ထားပေးပါတယ်။ကျွှန်တော်လည်း ကွန်ပျူတာကို လေ့လာဆဲ တစ်ယောက်ပါ။ဒီဘလော့လ်ရေးရခြင်းကလည်း သူငယ်ချင်းများ အချင်းချင်း knowledge ဖြန့်ဝေခြင်းသဘောသလို ကျွှန်တော်ထက်သိသော မောင်နှမများလည်းပါချင်ပါမှာပါ။




ဘယ်လို ပဲဖြစ်ဖြစ် သိတဲ့ အစ်ကိုများကလည်း သိသလောက်တော့ ပြောပြပေးခဲ့ပါ။ဥပမာ ဆိုပါတော့ ဒီဘလော့လ်ကို library တစ်ခုလို့သဘောထားလျှင် ကျွှန်တော်က writer and supervisor ရေးသားသူနှင့် ကြီးကြပ်သူ ဆိုပါတော့။စာဖတ်သူများက visitors to my library လို့ပဲဆိုရမှာပေါ့လေ။စာတွေကိုဖတ်မယ် ပြီးလျှင် ကောင်းသော စာတွေသိသမျှ ၇ှိတာလေးတွေ ၇ှိရင် ခြေရာချန်ထားခဲ့ပေးပါ။ထားခဲ့ပေးသော စာများကို နောင့်လူဖတ်လို့ရသလို ကျွှန်တော်လည်း အသိပညာဗဟုသုတ များစွာတိုးပါတယ်။နောင်ဖတ်သူများလည်း အကျိုးရှိသလို ကျွှန်တော်ရေးသားသူဖတ်ကလည်း မှတ်မိပါတယ်။စာရေးရခြင်းအတွက်လည်း များစွာ တိုးတက်မှုရှိပါတယ်။ဒီတိုင်းလေ့လာတာထက် ဒီလို သိသမျှမှတ်သမျှလေးတွေ ချရေးတာဟာ တော့ knowledge present % ပိုတိုးတက်တယ်လို့တော့ ယူဆမိပါတယ်။ဘယ်လိုဖြစ်ဖြစ် ဒီဘလော့လ်ကို လာရောက်တဲ့ သူငယ်ချင်းများဟာ ကိုယ်ရဲ့သူငယ်ချင်းများဖြစ်တာနှင့်အညီ ကောင်းသော စာများရှိလို့ ပို့စ်တစ်ခု အနေနှင့်တင်ပေးရမယ်ဆိုလျှင် ကျွှန်တော့် gmail ကို chat box အောက်မှာ ထားထားပေးပါတယ်။ပို့ပေးပါ။ကျွှန်တော်က blog menu bar မှာ my friends များဆိုပြီး menu bar တစ်ခု လောက်ထပ်ထည့်မယ်လို့တော့ စဉ်းစားမိတယ်။လေရှည်သွားပါတယ် အောက်မှာ downloading လုပ်လိုက်ပါအုံး။လာလည်တဲ့ သူငယ်ချင်းများလည်း ကျေးဇူးတင်ပါတယ်။ပုံတစ်ပုံကို အပေါ်မှာ နမူနာပြထားပေးပါတယ်။Media fire ကနေ Upload တင်ထားတာမို့လို့ အဆင်ပြေမှာပါ။ပျော်ရွှင်ပါစေ ခင်ဗျာ။Tile ကဘာပေးရမှန်းမသိလို့ hardware knowledge လို့ပေးထားပါတယ်။
http://www.mediafire.com/?eywxiywuxfimn0i
ဒီပို့စ်ကို PDF FILE လိုချင်ရင်



Sunday, October 3, 2010

Basic input / output system(standard cmos features)

ကျွှန်တော်တစ်ခါက bios အကြောင်းကို ရှင်းပြမယ်လို့ ပြောဖူးပါတယ်။လက်တလော့ ကျွှန်တော်လေ့လာခဲ့တဲ့ အခြေအနေဆိုတာ ကွာခြားကောင်းလည်းကွာ ခြားနိုင်ပါတယ်။လူတစ်ယောက် မတူညီနိုင်ပါဘူး။လက်တလော့ ကျွှန်တော်သိတဲ့ လေ့လာခဲ့တဲ့ ပညာကို မျှဝေခြင်းလို့ပဲ သတ်မှတ်ပေးပါ။ကျွှန်တော်လည်း တစ်ခေါက်လောက် revision ပြန်တယ်လို့ သဘောထားပေးပါ။ခု bios ဆိုတာက basic input output operation system ပါ။ဘယ်လိုကြောင့် ခေါ်ဆိုတာလည်း ဆိုလျှင် လက်ရှိသုံးနေတဲ့ window os system ကို bios ကနေထိန်းချုပ် လို့ရသလို လက်ရှိ သုံးနေတဲ့ ကွန်ပျူတာ hardware ပိုင်းပစ္စည်းအားလုံးကို ထိန်းချုပ်ထားခြင်း သဘောပါ။ဒါ ဆို bios ဆိုတာဘာလည်း ဘယ်နေရာမှာရှိတာလည်း ဆိုရင် motherboard ပေါ်ကိုကြည့်ပါ။လက်ရှိ foxcoon motherboard တစ်ခုကို နမှုနာတစ်ခုအနေနှင့်ပြပေးမယ်။






လက်တလော အပေါ်ကပုံမှာက foxcoon motherboard အမျိုးအစား PhoenixBiox အမျိုးစားဖြစ်ပါတယ်။ခုပြထားပေးတာက rom ထဲမှာ bios program ကိုရိုက်ထည့် ထားခြင်းဖြစ်ပါသည်။တစ်ချို့ motherboard တွေမှာဆို ကျွှန်တော်လက်တလော ပြထားတဲ့ပုံနေရာမှာ ထားလေ့မရှိဘဲ input output shields များရှိရာ မှာကပ်လျှက်ထားပြီး bios chip အပြားကို Rom ထဲမှာထည့်သွင်းလေ့ရှိပါတယ်။ဘယ်လို ကြောင့် Rom မှာထည့်သွင်းရတာလည်း?Ram မှာထည့်သွင်းရင် မီးပြတ်လို့ power off ဖြစ်သွားရင် လည်းပျက်တယ်လေ။Hardrive မှာထည့်သွင်းရင်ကော မဖြစ်နိုင်ဘူး။ဘာလို့လည်းဆိုတော့ computer ကိုဖွင့်လိုက်လို့ hardisk and floppy disk တို့အသိမှတ်မပြုခင် keyboard နဲ့ cpu ကြားမှာ အဆက်အသွယ် တစ်ခုရဖို့လိုအပ်နေပီ။ဒါကြောင့် rom ထဲမှာထည့်သွင်းခြင်းပါ။Rom ဆိုတာက ram လိုတော့မဟုတ်ဘူး။ဒီကောင်က မီးပျက်လည်း အထဲက details အချက်လက်များ ဟာပျက်မှာမဟုတ် ပါဘူး။Company ကချပေးထားသည့် အထိုင်း original ထည့်သွင်း ထားပေးခြင်းဖြစ်သည်။
ကဲ cmos အကြောင်းလေးကို ဆက်ကြည့်၇အောင်။လက်၇ှိ bios ဆိုတာ program တစ်ခု။မပျက်အာင် rom ထဲမှာ ထည့်သွင်းထားခြင်း ဖြစ်သလို သူနဲ့ တိုက်ရိုက်ဆက် သွယ်နေတဲ့ အုပ်စု နှစ်ခုရှိပါတယ်။Changeable group and unchangeable group ဆိုပြီး နှစ်အုပ်စုရှိပါတယ်။Changeable group ပြောင်းလည်းတဲ့ အုပ်စု ကဘယ်လို bios နဲ့ဆက်သွယ် မလိုလည်း ဆိုလျှင်တော့ လက်ရှိ keyboard and mouse ထားပါစို့။ဒီကောင်တွေက ဝယ်လာရင်လည်း သူ့ company တံဆိပ် သူ့ အမျိုးအစား series လိုက်ပေါ့။Hardware ပိုင်းပစ္စည်းတွေ မှာ တပ်လိုက်လို့ရှိ၇င် သူ့ရဲ့ information တွေလည်း ပြောင်းလည်း မှာ မဟုတ်သလို company တံဆိပ်တွေလည်း deatails အလိုက်ဝင်နေမှာ ဖြစ်ပါတယ်။Unchangeable group ပြောင်းလည်း တဲ့အုပ်စု ဘာကိုဆိုလိုတာဆိုတော့ ခုကျွှန်တော့်စက်က hardisk 320GB 7200 rpm လည်ပတ်နူန်း company က Seagate အမျိုးအစားက sata or serial ata လို့ခေါ်တယ်ဆိုတော့။နောက်တစ် လုံး ide hardisk 5600 rpm 500GB Hitachi company ထုတ်တစ်လုံးကို တပ်မယ် ဆိုလျှင် hardisk အသစ် တပ်ဆင်လိုက်သော hardisk က bios က အဟောင်း sata hardisk မှာအစားထိုးသွားဝင်မှာ ဖြစ်ပါတယ်။GB ဂစ်တွေ လည်းပြောင်းလည်းသွား မှာဖြစ်သလို rpm hardisk လည်ပတ်နူန်းတွေလည်း auto ဝင်ရောက်ချိန်း သွားမှာ ဖြစ်ပါတယ်။ဘယ်လိုကြောင့် ချိန်းပေးပြီး auto မှတ်ပေးထာလည်း။အပေါ်က ကျွှန်တော်ပြောတဲ့ cmos နဲ့သက်ဆိုင်ပါတယ်။Cmos ဆိုတာက chip အမျိုးအစား ရှိပါတယ် battery အမျိုးအစားရှိ ပါတယ်။။Motherboard မှာ ထည့်သွင်းထားခြင်း ဖြစ်တယ်။cmos setup utility ဆိုတာက program တစ်မျိုးပါ bios ထဲမှာထည့်သွင်း ထားခြင်း ဖြစ်ပါတယ်။ဒီ cmos chip utility program က အပေါ်ကပြောသလိုဘဲ bios ထဲကနေ ကျွှန်တော်ပြောင်းလိုက်တဲ့ harddisk က information and details များကို auto changing ပေးသွားခြင်းပါ။အဲ့လို အချက်အလက်တွေကို ဘယ်မှာ ထည့်ထားတာလည်း ဆိုတော့ cmos chip အပြားလေးထဲ မှာထည့်သွင်းထား ခြင်းဖြစ်ပါတယ်။ဒီအပြားလေးက ဘယ်မှာ ရှိတာလည်း။Cmos battery လေးတော့ ကြားဖူးလောက်မှာပါ။ဒီ battery လေးက cmos chip က ပြောင်းလည်းလိုက်တဲ့ အချက်အလက်တွေကို မပျောက်ပျက်သွားအောင် cmos battery ထည့်သွင်း ထားခြင်းပဲဖြစ်တယ်။ထိန်းချုပ် ထားခြင်းသဘော မျိုးလည်းဖြစ်ပါတယ်။Cmos Battery ကိုအပေါ်ဆုံးကပုံမှာပါပါတယ်။Cmos chip ကိုအောက် ကပုံမှာကြည့်ပါ။





ဒါက cmos chips များဖြစ်တယ်။Mother board အလိုက် company name အရ series အရ တစ်ခုနဲ့တစ်ခု ပြောင်းလည်းမှုရှိပါတယ်။ခုလက်တလော ကွန်ပျူတာကို စဖွင့်ပြီး post လုပ်ပြီး del key နဲ့တစ်ချို့ဘုတ်တွေဆို f10 ရှားသည် bios ထဲကိုဝင်ေ၇ာက်တယ် ဆိုပါတော့။ခုလက်၇ှိ တစ်ဆင့်ကိုရှင်းပြပေး ပါ့မယ်။သိသလောက် ပေါ့။အပေါ်က ပြောထားတဲ့ bios ထဲကိုထည့်သွင်းထားတဲ့ cmos set up utility ဆိုတာ ဘာလည်း ဘယ်လိုအ ပိုင်းတွေမှာ ပတ်သတ်တာလည်း ပုံကိုကြည့်ပါ




Standard CMOS Features ဆိုတာက အပေါ်ကပြောသလိုဘဲ cmos setup utility in bios ထဲက program အလုပ်လုပ်တဲ့နေရာပါ။Enter ခေါက်ကြည့်လိုက်ပါ။




ဒီပုံလေးကတော့ (IDE - Connector (၂) ခု(SATA - HARDISK တပ်တဲ့ SATA - Connector (၁))အဲလိုတပ်ထားတာပါ အနီရောင်လေးထောင့်ကွက်လေးကိုကြည့်ပေးပါ။ကျွှန်တော်သိသလောက်တော့ သူ မားသားဘုတ်က - ပါတာက IDE - Cable တပ်တဲ့ IDE - Connector (2) ခု(SATA - HARDISK တပ်တဲ့ SATA - Connector (1)ပါတယ်ဗျ။ ဘာကြောင့်အဲလိုပြောရတာလဲဆိုတော့ Mactor 6y160M0 ကိုတွေ့လားအဲဒါကသူကသူရဲ့မားသားဘုတ်-က SATA Connector ပေါ်မှာ(SATA -HARDISK)တပ်ထားလို့ဗျ ( SATA Connector ဆိုတာ SATA - Cable နဲ့တူဘူးဗျ” မားသားဘုတ်ပေါ်က ( SATA HARDISK ) တပ်ဖို့ထားပေးတဲ့SATAConnectorကိုပြောတာပါရှင်းသွားအောင်ပုံကိုထပ်ကြည့်ပေးပါ
အောက်ကပုံကိုထပ်ကြည့်ပေးပါ




နံပါတ် (1)(IDE – Hardisk တပ်တဲ့ IDE - Connector (2)ခု)

နံပါတ် (2)(SATA – Hardisk တပ်တဲ့ SATA - Connector (2)ခု)


အပေါ်က mother board နဲ့ကိုက်မယ်ထင်တဲ့ Stand Cmos Setup ပုံလေးကို google sever ကပဲ၇ှာလိုက်တာပါကျွှန်တော်





PHOTO - (1) သည် အပေါ်ပုံက နံပါတ် (1) နေရာမှာ ဟက်ဒစ်တပ်ရင်အဲနေရာမှာ ဟက်ဒစ် ဝင်ရင် ပြပါသည်။လောလောဆယ်ပုံမှာက(None)ဆိုတာကမတက်ထားလို့ပါ

PHOTO - (2)သည် IDE Channel 3 slave(SANSUNG HD 103UJ) အဲဒါက နံပါတ် (2) ရဲ့ SATA - Connector မှာ SATA -ဟက်ဒစ်လေး (1)လုံးတပ်ထားလို့ပေါ်တာဗျ {HL - DT - ST BDDVDRW - သည်ပုံ(2) မှာသူ့က DVD SATA ROM (RW)တပ်ထားလို့ပါ။ဒီကောင်တွေကို ကျွှန်တော်တို့ motherboard ပေါ်မှာ တပ်ဆင်မှု အောင်မြင်လား မအောင်မြင်ဘူးလားဆိုတာကို enter ခေါက်ကြည့်ပါ။တကယ်လို့ auto detecting ဖြစ်နေပါတယ်ဆိုလျှင် ဒါဆို လက်ရှိ motherboard ပေါ်မှာ ခုပြထားပေးတဲ့ hardware ပစ္စည်းများအားလုံး တပ်ဆင်မှု အောင်မြင်ပါတယ်။ဥပမာ ဆိုလျှင်တော့ hardisk တစ်လုံးတပ်ဆင်ထား တယ်ဆိုလျှင် စက်မှာ တပ် ဆင်ပြီးဆိုလျှင် နောင့်တစ်ဆင့်က bios ပိုင်းကို ဝင်ပြီး ခုကျွှန်တော်ပြောပြထားတဲ့နေရာမှာ ကြည့်ကြည့်ပါ။တကယ် လို့ဒီနေရာမှာ ဝင်နေရင် auto detect ဖြစ်နေလျှင် ဒါဆိုလျှင် hardisk ထဲ့မှာ ဝင်းဒိုး တင်ထားလျှင် ဒါဆိုလျှင် window တက်သွားမှာဖြစ်ပါတယ်။Frist boot device နေရာမှာ hardisk တော့ဖြစ်ဖို့ လိုတာပေါ့။
လက်တလောက် အခြေအနေနှင့် အနည်းငယ် တီးခေါက်မိ လောက်ပါပြီ။နောင့်ပိုင်း setting ပိုင်းတွေကို ကျွှန်တော် အချိန်ရရင်ရသလိုရေးပေးပါ့မယ်။ကျွှန်တော့် ရေးတာ မရှင်းလင်းတာ ရိုင်းတာများရှိရင်ခွှင့်လွှတ်ပေးပါ သူငယ်ချင်းများ ပျော်ရွှင်ပါစေ ခင်ဗျာ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Thursday, August 19, 2010

Removal and additional of hardisk partition ...


User တစ်ချို့ hardrive partition တစ်ခန်းခန်းမှာ secrets data လေးတွေနဲ့ မသိချင်တာလေးတွေထည့်ထား တက်တယ်လေ။ကိုယ့် data/information ကိုသူများတွေ့မြင်သွားမှာလည်းစိုးတယ်လေ။OS ရဲ့ user account နဲ့ password ခံပြီး ပိတ်ထားတက်ပေမယ့် တစ်ခါတစ်လေတော့ အရေးကြီးကိစ္စတော့ရှိတက်ကြတယ်လေ။

အဲ့ လိုအခါမျိုးမှာ ကိုယ်က ကွန်ပျူတာကို win key + l နဲ့ lock မချပဲအပြင်ကိုထွက်သွားတဲ့အခါမှာ တစ်စုံတစ်ယောက်ကကိုယ့်ရဲ့ ကွန်ပျူတာကိုလာသုံးတယ်လေ။Lock မချဘဲထားခဲ့မိတဲ့အတွက် ကိုယ့် hardrive partition က secrets လေးတွေတွေ့သွားနိုင်တယ်လေ။တစ်နည်းတော့ လမ်းပြကြယ်လုပ်ပေးလိုက်မယ်။

• Hardisk partition ကို security softwares များနဲ့ lock softwares များဝယ်သုံးစရာမလိုဘဲ ဖွက်နည်းလေးပေါ့





အရင်ဆုံး ကိုယ့် ဖျောက်ချင်တဲ့ Data တွေကို Partition အလွတ် တစ်ခုထဲကို ထည့်လိုက်ပါ။My Computer ကို Right Click ပြီးတော့ Manage ကို ရွေးပေးလိုက်ပါ။Computer Management တက်လာရင် ဘယ်ဘက်က အောက်ဆုံးနားလောက်မှာရှိတဲ့ Disk Management ကိုရွှေးပေးလိုက်ပါ။

ညာဖက်မှာ ကိုယ့်မှာရှိတဲ့ Disk တွေ ပေါ်လာတာကိုတွေ့ရပါမယ်။ဖျောက်ထားချင်တဲ့ Data တွေ ထည့်ထားတဲ့ Disk ကို Select လုပ်ပြီး Right Click နှိပ်ပြီး Change Letter and drive paths.. ကို ရွေးပေးပါ။



Select လုပ်ပြီး Remove ကို နှိပ်လိုက်ပါ။ Confirm Yes/No မေးရင် Yes ကို ရွှေးပေးပါ။ပြီးလျှင်တော့ ဖွင့်ထားတာကို ပိတ်လိုက်ပေါ့။ဒါဆိုရင် partition :E အခန်းကပျောက်နေပါမယ်။ပြန်ဖော်ချင်ရင်တော့ …



Disk Management ထဲကို ပြန်ဝင်ပါ။ ခုနက ဖျောက်ထားတဲ့ Disk ကို Right Click လုပ်ပြီး Change Letter and drive paths.. ကိုပြန်ပြီးရွှေးပေးပေါ့။“Add…” ကို နှိပ်ပေးပါ။



“Assingn the following drive letter:” ကို Letter တစ်ခုခု ရွှေးခိုင်းရင် drive letter change ချင်သူတွေကတော့ အသစ်ထပ်ပေးလိုက်ပေါ့။ဖျောက်ထားတဲ့ partition :E ကိုပြန်ဖော်မည်ဖြစ်တဲ့ အတွက် OK ကိုသာနိုပ်ပေးလိုက်ပါတယ်။အဆင်တော့ပြေမှာပါ။ကျေးဇူးတင်ပါတယ်။




ဒီပို့စ်ကို PDF FILE လိုချင်ရင်