Showing posts with label Registry. Show all posts
Showing posts with label Registry. Show all posts

Monday, April 11, 2011

Desktop Context Menu and Control Panel



အောက်မှာ ပြထားတဲ့အတိုင်း ဒေါင်းယူပြီး window 7 မှာ desktop r click မှာ Control panel ထည့်ရအောင်ပါ။အဲ့မှာ ပြထားသော အတိုင်း ဒေါင်းယူလိုက်ပါ။ဒေါင်းတာက Add and Remove .reg နှစ်ဖိုင်ထည်း r click မှာ Control panel ထည့်ချင်လျှင် Add .reg file ကို double click ခေါက်ယူပြီး ok သဘောတူညီမှုပေးလိုက်တာနဲ့ r click မှာ Control panel လွှယ်ကူစွာ သုံးလို့ရမှာဖြစ်ပါတယ်။ဖြုတ်လိုလျှင် Remove Control Panel ဖိုင်ကို ပြန်ခေါက်ပေးလိုက်ပေါ့။အဲ့လိုမှ မဟုတ်လည်း နှစ်ခုလုံး Add Control panel မဒေါင်းခင်ကတည်းက run box မှာ regedit ကနေ registry editor ကိုခေါ်ယူပြီး File Export ကနေ

filename.reg file ကို back up လုပ်ထားပြီးမှ ပြန်ခေါက်ယူပေါ့။အဆင်ပြေပါစေ

1. To Add "Control Panel" to Desktop Context Menu



2. To Remove "Control Panel" from Desktop Context Menu




Change "Welcome" Text Message at Log On

လက်ရှိ resource hacker ကိုတော့ သိပြီးသားလောက်တွေပါ။Beta version လောက်ကို အခြေခံပြီး လက်ရှိ သုံးနေသော window 7 မှာ တွေ့ဖူးကြမှာပါ window screen အတက်မှာ Welcome ဆိုတဲ့ စာသားနေရာမှာ နစ်သက်ရာစာသားတစ်ခု ထည့်ကြည့်ရအောင်။မှတ်ချက် မြန်မာလိုတော့ အဆင်ပြေသွားမည် မဟုတ်ပါ။ကဲသွားကြရအောင် လက်ရှိ ဝင်းဒိုးတင်ထားတဲ့ window partition အခန်းက ဒီ direct path လမ်းကြောင်းတိုင်း

C:\Windows\System32\en-US\winlogon.exe.mui
နောက်ဆုံးက winlogon.exe.mui ဖိုင်လ်ကို copy လုပ်ယူလိုက်ပါ။ပြီးတာနဲ့ desktop ကို past အရွှေ့နဲ့ ချိန်းပြောင်းလိုက်ပါ။ပြီးတာနဲ့ အောက်ကညွှန်းထားသော link မှာ
Resource Hacker 3.5.2.84 Beta

ကိုဒေါင်းယူလိုက်ပါ။ဖွင့်လိုက်ပြီး Desktop က winlogon.exe.mui ဖိုင်လ်ကိုရွှေးချယ်လိုက်ပါ။ရွှေးချယ်သည့် နေရာမှာ မမြင်ရပါက file of type မှာ All files ကိုထားပြီးရွှေးချယ်လိုက်ပါ။ expand String Table, and 63, to 1033. ကို ရွှေးချယ်ပေးပါအပေါ်မှာ လက်ရှိ ကျွှန်တော်ပြထားတဲ့ အတိုင်းပေါ့

ပြထားသော “Welcome” နေရာမှာ ကြိုက်နှစ်သက်ရာ စာသားကို စိတ်ကြိုက်ချယ်လှယ်ထည့်ဆောင် နိုင်ပါတယ်။လက်ရှိကတော့ ကျွှန်တော်က Warmly Welcome Friends များလို့ထည့်ထားလိုက်တယ်။ပြီးလျှင်တော့ File ကနေ Save ပေးလိုက်ပြီးတာနဲ့ အပေါ်ဆုံးမှာ ပြထားသော အဆိုပါ save ထားသော winlogon.exe.mui ဖိုလ်ကို copy and replace ဖလှယ်ပေးလိုက်ပါ(နဂို winlogon.exe.mui ဖိုလ်ကိုပြင်ထားသော winlogon.exe.mui ဖိုလ်နဲ့ ချယ်လှယ်လိုက်ခြင်းသဘော မျှပါ။Window ကို restart ချပီး activity ဖြစ်မကြည့်တစ်ချက်လောက် လုပ်ကြည့်အုံး။အဆင်ပြေပါစေ။

Thursday, November 18, 2010

Move to and Copy to r click to folder



Registry ပိုင်းတွေ ပြန်လှည့်ရေးလိုက်ဦမယ်။ခုလည်း window os မှာတော်တော်များများ folder တွေမှာ copy to and move to tools ကို r click မှာထည့်ကြည့်မလို့။Registry ပိုင်းသည် လေ့လာသူတွေအတွက် စိတ်ဝင်စား ဖို့ကောင်းသလို window os တစ်ခုရဲ့ main tool တစ်ခုဆိုလည်း မမှားနိုင်ပါ။မှားလျှင် တစ်ချို့ registry ပိုင်းတွေသည် အမှားလုပ်မိလျှင် window os မတက်နိုင်လောက် အောင်ဖြစ်သောကြောင့် registry backup file .reg file တစ်ဖိုလ်တော့ လုပ်ထားဖို့လို့ပါတယ်။ဘယ်လို folder တွေမှာ r click ပေးလို့ copy to and move to tool ကိုအပေါ်မှာ ပြထားပါသည်။ကျွှန်တော်နဲ့အတူ လိုက်လုပ်ကြည့်ပါ။တစ်ခု ပြောချင်တာက ဘလော့လ်မှာ download လုပ်မရတဲ့လင့်မှားတွေ့ကလည်း c box or comment box မှာထောင့်ခဲ့ပေးပါ ညီအစ်ကိုများ တောင်းဆိုပါတယ်။ကျွှန်တော်လည်း blog update ဖြစ်သလို နောင့်လာဖတ်တဲ့ သူငယ်ချင်းများလည်း လေ့လာလို့ရပါတယ်။လေ၇ှည်သွားတယ်။Window os task bar ကနေ run command box ကနေ regedit လို့ရိုက်ထည့်ပြီး registry path info ခေါ်ဖို့ ခေါ်ယူလိုက်ပါ သို့မဟုတ်လည်း desktop ကိုသာ r click ပေးပြီး shortcut မှာ regedit ခေါ်ယူလည်း၇ပါတယ်။ပြီးလျှင် ပြထားသော registry info path လမ်းကြောင်းတိုင်း သွားလိုက်ပါ။

HKEY_CLASSES_ROOT\AllFilesystemObjects\shellex\ContextMenuHandlers




ပြီးလျှင် ContextMenuHanders ကို r click ပေးပြီး New ကနေ Key ကိုခေါ်ယူလိုက်ပါ။အရင်ဆုံး Copy to ကိုထည့်ပေးမည်ဖြစ်တဲ့အတွက် rename ကို Copy to ပေးလိုက်ပါ။




ပြီးလျှင် copy to ပေါ်ကိုထောက်လိုက်လျှင် ညာဖက်က Default ပေါ်မှာ Double click ပေးလိုက်ပါ။value dataတန်ဖိုးကို {C2FBB630-2971-11D1-A18C-00C04FD75D13} ထည့်ပေးလိုက်ပါ။Move to ထပ်ထည့်ချင်လျှင်လည်းအပေါ်ကအဆင့်တွေအတိုင်းပါပဲခင်ဗျာ။value data တန်းဖိုးမှာသာ {C2FBB631-2971-11D1-A18C-00C04FD75D13}လေးထည့်ပေးလိုက်ပါ၊ဒါဆို ကျွှန်တော် အပေါ်မှာ ပြထားတဲ့အတိုင်း folder တွေကို r click ပေးလိုက်လျှင် Move to and Copy to function tool တစ်ခု ပါဝင်လာမှာ ဖြစ်ပါတယ်။တကယ်လို့ အဆင်မပြေလျှင် အပေါ်က ကျွှန်တော်ပြောထားတဲ့ back up .reg default export file ကို d click ခေါက်ပေးလိုက်ပါ။ဒါဆို အဆင်ပြေမှာပါ။


Backup file လုပ်တာကိုတော့ မရေးပေးတော့ ဘူးနော် အ၇င်ကလည်း registry ပိုင်းတွေ ရေးပြပေးဖူးပါတယ်။အားလုံးပျော်ရွှင်ပါစေဗျာ။အဆင်ပြေပါစေ။ကျွှန်တော်ပြင်ပေးတာကိုမှ ကြိုက်လျှင်တော့ အောက်ကတင်ထားတဲ့.regfileကိုd click ခေါက်ပေးလိုက်ပါ။အဆင်ပြေမှာပေါ ပျော်ရွှင်ပါစေ ခင်ဗျာ




ဒီပို့စ်ကို PDF FILE လိုချင်ရင်


Monday, October 25, 2010

PC-Cleaner v1.0 Portable

လက်ရှိ PC-Cleaner v1.0 Portable ကိုတင်ထားပေးတယ်။အဆိုပါ protable နဲ့အတူ registry ပိုင်းတွေ ကိုင်ကြည့်ရအောင်။ဆိုလိုတာက အဆိုပါ PC-Cleaner v1.0 Portable အသုံးဝင်နည်းကို ပြောပြပေးမလို့။ဒေါင်းလိုက်ဦး








လက်၇ှိ Backup Registry ပိုင်းကနေ စကိုင်ကြည့်ရအောင်။Start Backup ဆိုတာက အပေါ်မှာ check point ပေးရင်ပေးသလောက် registry group အလိုက် backup လုပ်ဆောင်ပေးသွားမှာပါ။Backup လုပ်ထားတယ်။




ဆိုလိုချင်တာက registry ပိုင်းတွေမှာ လက်တည့်စမ်းချင်လို့ဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် registry files errors များမှားယွင်းခဲ့သည် ရှိသော် အဆိုပါ backup files များကို double click ပေးခြင်းဖြင့် ကိုယ့် backup လုပ်ခဲ့သည့်နေ့မှ registry files များအတိုင်း default ထားပေးမှာ ဖြစ်ပါတယ်။သဘောပေါက်လောက်မှာပါ။





Task Schedule ပိုင်းကိုနည်းနည်းလောက် ဝင်ကြည့်လိုက်ရအောင်။Enable Scheduler ကိုပေးမယ်။လုပ်ဆောင်ချက်ကို ပေးတယ်ပေါ့။ပြီးလျှင် hour and minutes ကိုယ်လုပ်ဆောင် ချင်တဲ့ အချိန်နဲ့မိနစ်ကို ရွှေးချယ်ပေးတယ် ပြီးလလျှင် pc cleaner ဆောင်ရွှက်ပေးမယ့် အပိုင်းနှစ်ပိုင်း ဘယ်အပိုင်းလုပ် မလည်း backup ပိုင်းလုပ်မှာလား? Scan ပိုင်းလုပ်မှာလား?ဒါဆို ကိုယ်ဒီ pc cleaner ကို ကိုယ်နှစ်သက်တဲ့ ရက်နှင့်အချိန်ပေးပြီး နေ့စဉ်အချိန်ကို perform လုပ်ဆောင်ချက် ပေးတာလို့ သဘောပေါက်လောက်ပါတယ်။ဒါ ဆိုလက်တလော portable လည်းဖြစ် 1.06mb မီဂါဘိုက်လည်း ဖြစ်တော့ မသုံးတောင် လက်တည့်စမ်းလို့ ရတယ်ပေါ့။သုံးတက်ရင် သုံးတက်သလိုအဆင်ပြေပါစေ။

Saturday, September 18, 2010

Hardrive icon chaning in registry ...



Registry ပိုင်းကို ဝင်မမွှေတာ ကြာသွားပီဖြစ်တဲ့အတွက် ဝင်နှောက်ကြည့်ရအောင်။ကွန်ပျူတာရဲ့ drives တွေ icons ချိန်းကြည့်ကြရအောင်။Registry ပိုင်းသည် အမှားလုပ်လျှင် တစ်ချို့ပိုင်းတွေက window မတက်ခင် ထိဖြစ်တက် သောကြောင့် backup file တစ်ဖိုလ်တော့ လုပ်ထားပေးပေါ့။







HKEY_LOCAL_MACHINE --> Software --> Microsoft --> Windows --> Current Version --> Explorer ကိုသွားလိုက်ပါ။



Explorer ကို right-click နှိပ်ပြီးရင် New ကနေ Key တခုလုပ်ပါ။DriveIcons လို့ နာမည်ပေးလိုက်ပါ။




အဲဒီ DriveIcons ကို right-click လုပ်ပြီး Key တခုလုပ်ပြီး ကိုပြောင်းလိုတဲ့ Drive ရဲ့ နာမည်ကိုပေးပါ။(ဥပမာDrive D ကိုပြောင်းလိုတယ်ဆိုရင် D လို့နာမည်ပေးလိုက်ပါ)





အဲဒီ D ကိုပဲ right-click ကနေ Key တခုလုပ်ပြီး DefaultIcon လို့နာမည်ပေးလိုက်ပါ၊ကျွှန်တော်က D နဲ့ E ကိုပြောင်း ပြပေးမည်ဖြစ်တဲ့အတွက် D and E hardrive icons နှစ်ခုကို DefaultIcon လို့နှစ်ခုပြထား ပေးပါတယ်။




DefaultIcon ကို select လုပ်ပြီး ညာဘက်က သူ့ရဲ့ REG_SZ တန်ဖိုး (Default) ကို double click ကိုပေးလိုက်ပါ။

Value Data တန်ဖိုးမှာကိုပြောင်းချင်တဲ့ icon file ရှိတဲ့ direction ကိုပေးလိုက်ပါ(ဥပမာC:\Windows\explorer.exeဆိုရင် Explorer ရဲ့ icon ပုံစံပေါ်နေပါမယ်။အကယ်၍ icon file တွေက တခုထက်မက ရှိနေတယ်ဆိုရင်တော့ shell32.dll လိုမျိုးဆိုရင်တော့ C:\Windows\System32\shell32.dll ရဲ့နောက်က , နဲ့ ကိုပြောင်းချင်တဲ့ icon ရဲ့ နံပါတ်လေးနဲ့တွဲပြီးတော့ အခုလို C:\Windows\System32\shell32.dll,25 ဆိုပြီးပေးလိုက်ပါ( 25 ဆိုတာ ကျွန်တော် C ကိုပေးထားတဲ့ icon လေးပါ။လက်ရှိ E ကိုလုပ်ပြထားပေးပါတယ်။ပြီးလျှင်တော့ registry ကိုပိတ် ပြီးလျှင် ကွန်ပျူတာကို refresh f5 ပေးလိုက်ရင် ရပါပြီ။ပေါ်မပေါ်ကိုဖွင့်ကြည့်နော် ဟီးဟီး။မှတ်ချက်။ ။cd room ကိုတော့ ပြောင်းပေးလို့မရပါ။နောက် ပိုင်းမှ ကျွှန်တော် hardrive icons များကို software နဲ့ ပြောင်းနည်းကိုရေးသားပါ့မယ်။အောက်မှာ download လုပ်လိုက်ဦး။လက်ရှိ registry file လုပ်ထားတာကို ကျွှန်တော့်ရဲ့ drive icons နှစ်ခုချိန်းထားတာကို ကြိုက်လျှင်ပေါ့
Registry file download ယူရန်

ဒီပို့စ်ကို PDF FILE လိုချင်ရင်

Monday, August 30, 2010

do not copy & past files by usb drives ...



ကိုယ့် computer window files များကို usb drives နဲ့ copy and past ကူးမရအောင်လုပ်ကြည့်ကြရအောင်။

မှတ်ချက်။ ။ Registry တွင် ဝင်ရောက်ပြင်ဆင်ချင်းမှာ မှားလုပ်မိလျှင် Windows မတက်သည်အထိ ဖြစ်တတ်သောကြောင့် မကျွှမ်းကျင်ခဲ့လျှင် Registry ကို ကြိုတင်၍ backup လုပ်ထားရန်လိုအပ်ပါသည်။





Start –> Run ကိုသွားလိုက်ပါ။ regedit လို့ ရိုက်ပြီး Enter ခေါက်လိုက်ပါ။ဒီလမ်းကြောင်းအတိုင်းတဆင့်ပြီးတဆင့်သွားလိုက်ပါ

“HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Control” data information ခင်းပြထားတဲ့ လမ်းကြောင်းတိုင်းသွားပေးပါ။

key အသစ်တခုဖန်တီးလိုက်ပြီး StorageDevicePoliciesလို့နာမည်ပေးလိုက်ပါ။ပြီးလျှင်တော့



StorageDevicePolicies ကို ရွေးခြယ်လိုက်ပြီး DWORD (32-bit) Value ကို ဖန်တီးလိုက်ပါ။ ပြီးရင် အဲဒီ DWORD (32-bit) Value ကို WriteProtect ဆိုပြီး အမည်ပေးလိုက်ပါ။

အဲဒီ WriteProtect ရဲ့တန်ဖိုးကို ပုံမှာ ပြထားတဲ့အတိုင်း " 1 " လို့ပြောင်းပေးလိုက်ပါ။

ပြီးရင် Registry Editor ကိုပိတ်လိုက်ပါ။ပြီးလျှင်တော့ computer ကို restart ပေးလိုက်ပြီး window ပြန်တက်လာသောအခါ registry setting ပိုင်းတွေပြောင်းလည်းသွားပါမယ်။သုံရတဲ့ os ကတော့ window xp service park မှ vista window os system ထိပါ။အသုံးဝင်တဲ့ users များလည်းရှိသလို အသုံးမလိုတဲ့ users များကတော့ changing မလုပ်တာ အကောင်ဆုံးပါဘဲ။ကျေးဇူးတင်ပါတယ်။လုပ်ကြည့်ပေါ့ ဟဲဟဲ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Sunday, August 22, 2010

Add the Classic XP Style “All Programs” Menu To Windows 7


မင်္ဂလာပါ။ကျွှန်တော်တို့ Window XP OS သုံးတုန်းက start menu in xp မှာ all programs menu ကိုမြင်ဖူးတယ်မဟုတ်လား?All programs start menu ကို window 7 မှာထည့်ပြပေးမယ်။Window 7 ရဲ့ start menu မှာ Favorites icon လေးတစ်ခုပါတယ်ဆိုတာ သတိထားမိလား။ခု ကျွှန်တော်တို့ Favorites icon လေးကို window xp မှာပါတဲ့ all programs တစ်ခုဖြစ်အောင် လုပ်ကြည့်ကြရအောင်။အပေါ်မှာ တစ်ခုခင်းပြထားပေးတယ်။ကျွှန်တော်ရဲ့ start menu favorites icon ကို window xp all programs လေးတစ်ခုကိုဖြစ်အောင်ဖန်တီးယူထားတာပါ။



Run box ကနေ regedit လို့ရိုက်ပြီး(သို့)shortcut box ကနေ regedit လို့ရိုက်ရှာပေါ့ မဟုတ်လား။ကဲ regedit ပိုင်းတော့ရောက်ပြီ။ခင်းပြထားပေးသော registry keys များအလိုက်သွားပေးပါ။

HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\Shell Folders



ပြီးတော့ ညာဘက် box ထဲမှာရှိတဲ့ Favorites key တစ်ခုကိုရှာပေးပြီး r click ပေးပြီး Modify… ပေးလိုက်ပါ။




ကျလာသော edit string box ထဲမှာ Value dat: ကို C:\ProgramData\Microsoft\Windows\Start Menu\Programs လို့ပေးပါ၊ပြီးလျှင် အောက်နားလောက်မှာရှာကြည့်ပေးပါ။





HKEY_CURRENT_USER\Software\Microsoft\Windows\CurrentVersion\Explorer\User Shell Folders
ကိုရှာပြီး ထုံးစံတိုင်းပဲ Favorites key ကိုထပ်ရှာပေးပေါ့။ပြီးလျှင်တော့ Modify… လုပ်မယ်





value data:ကိုတော့ C:\ProgramData\Microsoft\Windows\Start Menu\Programs လို့ပဲထပ်ပေးလိုက်ပါ။



ပြီးလျှင်တော့ window startmeu ကို r click ပေးပြီး Properties ကိုရွှေးချယ်ပေးပါ။




Taskbar and Start Menu Properties box မှာ Start Menu ကိုရွှေးချယ်ပေးပြီ Customize ကိုထပ်မံရွှေးချယ်ပေးပါ။



ပြီးလျှင်တော့ Favorites menu ကို start menu in window 7 မှာထည့်ရအောင် check box ထဲမှာ check ပေးပြီး OK ကိုနှိပ်ပေးလိုက်ပါ။ဒါဆိုလျှင်အဆင်ပြေပါပီ။ပြီးလျှင်တော့ ကိုယ့်ရဲ့ start menu bar ကိုကြည့်လိုက်ပေါ့
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Friday, August 6, 2010

New folder တစ်ခုမှ My computer,My Document,etc..

ခုတစ်လောတော့်တော့်တော်တော်လေး ကိုစိတ်လေနေတယ်။အကြောင်းရင်းက စာကျက်နေလို့ပဲ။စာကျက်ရမှာကိုကကျွှန်တော့်အတွက်တော့ အပျင်းဆုံးအလုပ်ပါ။ခု တစ်ချို့ပို့စ်တွေကို pdf file sharing မလုပ်ထားပေးပါဘူး။စာမေးပွဲ ကလည်းဝင်ခွင့်ကလည်း ရှိနေတော့!ဖြေရမယ့်ရက်ကို ကြည်ဦး ၂ရက်တောင် ပျင်းစရာကြီးမဟုတ်လား ဟဲဟဲ။ Registry ပိုင်းနဲ့ပတ်သတ်လို့နည်းနည်းပြောပြမယ်။

ခု registry ပိုင်းနဲ့ပတ်သတ်လို့နည်းနည်းပြောပြမယ်။Registry ပိုင်းက codes တွေအချို့ပါ။ဘာတွက်သုံးဝင်လာလဲလို့မေးရင် New folder တစ်ခုကနေ my computer,my document,..အောက်မှာပြထားပါတယ်။ စိတ်ဝင်စားသွားစေရမယ်။

အရင်ဆုံး My computer registry code တစ်ခုကိုလုပ်ပြမယ်။






အရင်ဆုံး desktop ကနေ new folder တစ်ခုကို ဆောက်မယ်။Rename ပေးတဲ့နေရာမှာ My Computer.{20D04FE0-3AEA-1069-A2D8-08002B30309D} လို့ထည့်မယ်။ကဲ new folder ကနေ my computer icon တစ်ခုဖြစ်သွားပါပြီ။ကျေးဇူးတင်ပါတယ်။


My Documents.{450D8FBA-AD25-11D0-98A8-0800361B1103}

My Network Places.{208D2C60-3AEA-1069-A2D7-08002B30309D}

Recycle Bin.{645FF040-5081-101B-9F08-00AA002F954E}

Internet Explorer.{871C5380-42A0-1069-A2EA-08002B30309D}

Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}

Administrative Tools.{D20EA4E1-3957-11D2-A40B-0C5020524153}

My Computer.{20D04FE0-3AEA-1069-A2D8-08002B30309D}

Tuesday, August 3, 2010

Webpage loaing နှေးရင်

Web page loading လုပ်တာကြာလို့ မနှစ်သက်ကြဘူးဆိုရင် တစ်နည်းရှိတယ်။ကျွှန်တော်တို့ internet cafe ဆိုင်တွေသုံးကြတယ်ပေါ့ဗျာ!တစ်ချို့ဆိုင်တွေမှာပေါ့ဗျာ internet webpage ကိုဖွင့်တဲ့အခါမှာလေ loading လုပ်တာနှေးတဲ့အခါတွေရှိတယ်လေ။ခုပြမယ့်နည်းက registry ထဲကနေဝင်ပြင်တဲ့နည်းပါ။အကောင်း ကြီးလို့ မဆိုသာပေမယ့် အနည်းငယ်တော့ အကျိုးတော့ရှိစေတာအမှန်ပါ။ Windows® 7, Vista™ and XP သုံးခုက registry ပိုင်းကထားပြီးပဲပြင်ပြလိုက် မယ်။Start->Run->regedit ဆိုပီးတော့ ရိုက်ပီး Enter ခေါက်လိုက်ပါ။အောက်လမ်းကြောင်း တိုင်းသွားပေးပါ။XP ကိုအရင်ပြင်ပြတာပါ။

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider
ညာဘက်အကွက်မှာပေါ်လာတဲ့ပြထားတဲ့ Entries တွေကို Value 1 ကိုပြောင်းလိုက်ပါ။






Class=1
DnsPriority=1
Hostspriority=1
LocalPriority=1
NetbtPriority=1







တစ်ခုပြောင်းပြလိုက် မယ်။LocalPriority ကို Value 1 ပြောင်းဖို့အတွက် r click ပေးမယ်။Modify ပေးမယ်။ပြီးရင် Value data အကွက်မှာ 1 လို့ရိုက်မယ်။ကျန်တောတွေတော့ အဲ့အဆင့်တိုင်းသာ လိုက်လုပ်ပေးပါ။ကဲ window 7 အတွက်ပြောပြမယ်။အောက်က လမ်းကြောင်းသာ သွားလိုက်ပေါ့

HKEY_LOCAL_MACHINE\SYSTEM\CurrentControlSet\Services\Tcpip\ServiceProvider
ပြီးရင် ထုံးစံတိုင်းပေါ့။အောက်က Enteries တွေကိုလိုက်ပြောင်းပေးလိုက်ပေါ့




LocalPriority=4
HostsPriority=5
DnsPriority=6
NetbtPriority=7

ကဲအပေါ်ကလိုပဲ DnsPriprity တစ်ခုကိုပြင်ပေးပြမယ်။ပြင်ပေးရမယ့် value data ကအပေါ်မှာ ပြထားပေးသလို ပါဘဲ။Value Data 6 ထည့်ပြီးပြင်ပြပေးမယ်။အရင်ဆုံး DnsPriorty ကို r click ပေးမယ်။Modify ပေးမယ်။ ပေါ်လာတဲ့ Value data: မှာ 6 လို့ပြောင်းမယ် OK ပေးလိုက်မယ်။



Windows® 7, Vista™ မှာ regedit မှာ ပြောင်းနည်းကတော တူတူပါဘဲ။ကျေးဇူးတင်ပါတယ်။
http://www.4shared.com/document/G9Nfm2WD/______________internet_cafe___.html

Sunday, July 25, 2010

Registry ဆိုတာ ဘာလဲ?





Source-->ဖိုရမ် တစ်ခုက ဖတ်ရူထားတာပါ။
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Wednesday, July 21, 2010

Refresh box ထဲ Empty RecycleBin ထဲ့နည်း



Run box / regedit / HKEY_CLASSES_ROOT/directory/Background/shellex/ContexMenuHandlers ကို right clickပေးပါ။ new ဆိုတာ ပေါ်လာရင် ညာဘက်မှာ Key ဆို click ပေးလိုက်ပါ. New key ဆိုတာ ပေါ်လာရင် ကြိုက်တာပေးပါ။








RecycleBin ပဲ့ ပေးလိုက်တယ်။Recycle Bin ကို double click ပေးလိုက်တယ်ညာဘက် desktop မှာ Defaultပေါ်လာလိမ့်မယ် Default ကို right click ပေးလိုက်ပါ Edit String box လေး ပေါ်လာရင် Value data မှာ {645FF040-5081-101B-9F08-00AA002F954E} လေးကို ထဲ့လိုက်ပါ။ ဒါဆိုရင် Refresh box မှာ Empty Recycle ရပြီဗျာ သူငယ်ချင်း
ဒီပို့စ်ကို PDF FILE လိုချင်ရင်