Showing posts with label WINDOW XP. Show all posts
Showing posts with label WINDOW XP. Show all posts

Saturday, June 4, 2011

Windows-genuine xp


တစ်နေ့က မေးလ်ကမေးလာတာနဲ့ ဘလော့လ်မှာ window 7 ကို activated ဖြစ်ကြောင်းရေးတာ များတာနဲ့ window xp မှာ activated မဖြစ်လို့ စိတ်ညစ်နေသူများ အဆင်ပြေအောင် .bat file တစ်ဖိုလ်နှင့် activator for window xp တင်ထားပေးတယ်။Window xp သုံးနေရင်း desktop မှာ ထားတဲ့ background မှာ ခနနေကြာ၇င် အမည်းရောင်ဖြစ်သွားတာတို့ Window starting up time တက်လာတဲ့အခါမှာ window genuine license key တောင်းတာတို့ ဖြစ်နေလိမ့်မယ်။ဒါဆိုရင်တော့ window xp မှာ activated မဖြစ်တာ ဖြစ်ပါတယ်။
Installer .bat file ကို double click ခေါက်ပြီး restart ချကြည့် အဆင်ပြေပါလိမ့်မယ်။အလားတူ window xp license key တွေသုံးဖို့တင်ပေးထားဖူးတယ်

။အောင့်ကလင့်မှာ ဖတ်ရူလိုက်ပါ။
http://www.phoothar.co.cc/2011/02/3500-microsoft-genuine-serials-c-atb.html
Download ယူရန်

Wednesday, January 19, 2011

When xp goes down don't reinstall, use this simple repair method...

ဒီနည်းကိုရေးချင်နေတာကြာပီ window xp ပိုင်းတွေ install ပေးတဲ့အခါမှာ တစ်ချို့က installation လုပ်မဆောင်ပဲ window repair ဘယ်လိုလုပ်မလည်းပေါ့။ဒါကလည်း နည်းလမ်းတွေများပါတယ်။အဓိကက ကိုယ်တင်ထားတဲ့ os xp ဆို xp cd or dvd တစ်ချပ်လောက်တော့ရှိရမယ်။အဲ့တော့ clean installation နဲ့ window ကို boot ခေါ်ပြီး xp မှာပါ ဘယ်လို repair လုပ်ဆောင်မလည်းပေါ့။When xp goes down don't reinstall, use this simple repair method ဆိုပီး katz forum ကနေ ဖတ်ကြည့်တာပါ။ဘယ်လို အခါတွေမှာ window repair တွေ တောင်းဆိုလေ့ရှိသည်း။သိသလောက် တော့ ပြေပြထားပေးမယ်
ဝင်းဒိုး တစ်ခုသုံးနေရင်း shutdown ကို ဘာမှ system လုပ်ဆောင် မှုတွေ မပြီးသေးဘဲနှင့် shut down ကို task manager သို့မဟုတ်လည်း casing ကနေ power button တွေကို ထိုးမပိတ်ပါနှင့်။အဲ့လို shutdown ထိုးချလာတာနှင့်အမျှ သို့မဟုတ်လည်း window hung လာတာများသည်နှင့်အမျှ အဆိုပါ window repair တောင်းဆိုမှုတွေရှိလာနိုင်ပါတယ်။ဝင်းဒိုးတွေ bad sectors များလာလျှင်လည်း os မတက်တာတို့ boot မခေါ်နိုင်ဘဲ window repair တောင်းလာတာတို့ ဖြစ်လာနိုင်ပါတယ်။ဘယ်လို ဖြစ်ဖြစ် xp ပိုင်းကနေ စရေးလိုက်ပါ့မယ်။
လက်ရှိ blogger template ကိုချဲ့ထားပေးပါတယ်။ကြည့်ကောင်းလားတော့ မသိဘူး။ကိုယ်တိုင်လည်း တက်နိုင်သလောက်တော့ ချဲ့ထားပေးပါတယ်။ပြီးတော့ main wrapper အကုန်လိုက်ချဲ့ရတယ် outer wrapper တို့ဘာတို့ (ချဲ့တာများလို့ blogger ပို့စ်တွေ 7 ပို့စ်လောက် တော့ရှိမယ် ပျက်ကုန်တယ်။အဲ့တော့ လက်ရှိလိုတဲ့ ပို့စ်တွေ ကို သည်းခံဖတ်ပေးပါ။ပြီးမှ အားတဲ့အချိန်လောက်ကို မျှပြီး ပြန်ပြီး blogger post တင်ထားပေးပါ့မယ်။လာလည်တဲ့ သူငယ်ချင်းအားလုံး မိတ်ဆွေအားလုံးလည်း ကျေးဇူးတင်ရှိပါတယ်။Software s လိုတာက အစ cbox or chat box မှာ သာ လိုအပ်သော နာမည်ကိုသာ ထောင့်ခဲ့ပေးပါ။ကိုယ်တိုင် hosting မဲ့ domain လေးဆိုတော့လည်း ပြီးပြီး free hosting တွေကနေ ညွှန်ရတာပေါ့။ပျက်သွားတဲ့ မေးလ်တွေကို လည်း ပြန်အပ်ထားပေးပါ။ကျွှန်တော်လည်း သိသလောက် တော့ ပြန်အပ်ထားပေးပါတယ်။သူ့ katz ကနေပဲ ကျွှန်တော် က တဆင့်ခံပြန်ရေးလိုက်မယ်။အောက်ကနေ လိုက်ပြီး ထောင့်ပြထားပေးမယ်။ကဲ ဘယ်လို repair တွေလုပ်မလည်း?



Boot from your XP setup CD to gain access to the no-reformat reinstall option.
If instead of booting to the CD your PC boots from the hard drive, you may need to modify your PC's"bootorder."It's easy and only takes a minute to make the change so that the PC will check for a bootable CD before trying to boot from the hard drive.Once your PC starts to boot from the CD, you'll see something like what's shown in Screen
အရင်ဆုံး window os ခွေ xp ခွေကို dvd or cd drive ထဲထည့်ပြီး bios မှာ frist boot ကို cd or dvd room မိမိ တပ်ဆင်ထားတာ)ကို boot မှာ setting သတ်မှတ်ပေးပြီး boot ကို cd ခေါ်ယူသွားပုံပါ။အောက်က ပြသော အဆင့်ကို ရောက်၇ှိလာမှာ ဖြစ်ပါတယ်။


Next, the XP setup process will show another screen that you may recall from your initial setup of XP. It searches for "a previous version of Microsoft Windows."In our case, we're not replacing a previous version of Windows, but rather repairing the very same version that's on the setup CD--but that's OK; it's just another poorly worded screen.
ဒီအဆင့်မှာ မေးတာက Enter ကိုဆက်သွားလျှင် window ကို set up clean installation လုပ်ဆောင်သွား မှာ ဖြစ်ပါတယ်။Repair လုပ်မည်ဖြစ်တဲ့အတွက် R ကီးကို နှိပ်ပေးပြီး ဆက်သွားလိုက်ပါ။


At long last, Setup begins to refer to a Repair option. Here, Setup should have found your damaged XP setup, which you can select and then press R to start the nondestructive repair.If your damaged copy of XP isn't highlighted in the list box, highlight it now. When it's selected, press R to start the repair process.
The Repair process then selectively deletes system files in the \Windows folder and subfolders and copies undamaged replacement files from the setup CD to their proper locations.
ဒီအဆင့်ကိုရောက်လျှင် repair ထပ်လုပ်ဆောင်မည် ဖြစ်တဲ့အတွက် R ကိုဆက်သွားပါ။အပေါ်မှာ ပြထားတာက xp professional ခွေတစ်ခွေကို ထည့်သွင်းထားဖြစ်ပါသည်။(ထည့်ထားသော ခွေသည် မိမိတင်ထားသော ဝင်းဒိုး ခွေဖြစ်ရပါမည်)f3 =ဆိုတာ ပြန်ထွက်လျှင် reboot တောင်းပြီး ပြန်ထွက် နိုင်ပါသည်။Esc =အရှေ့ setting ပိုင်းကို ပြန်ခေါ်လိုက်ချင်း သဘောပါ။ဆက်သွားလိုက်ပါ။ပြီးလျှင် repair process လုပ်ဆောင် သွား မည်ဖြစ်ပါသည်။



There's no fanfare, but this is one of the nicer parts of the Repair process: Setup retains what it can in the current Registry so that already-installed hardware and software will remain installed.With the system files freshly copied and the Registry ready for rebuilding, the system needs to reboot.Remove the CD from the drive so that the PC will boot to the hard drive instead of to the CD.
• ဒီအဆင့်လုပ်ဆောင်ပါလိမ့်မယ်။ဆိုလိုတာက repair လုပ်သည့်အတွက် format အဆင့်ကို တိုက်ရိုက်ကျော် ပြီး os xp system files ကိုကူးသွားပီး restart တောင်းလာလိမ့်မယ်။Restart တစ်ခေါက်လောက် ကျပြီး ကျန်တဲ့ပိုင်းကို အောက်က youtube ကနေ blogger posts ပေါ်ကို တင်ထားပေးပါတယ်။သို့မဟုတ်လည်း ကျန်တဲ့အပိုင်းတွေက xp installation ပိုင်းကို အရင်ကလည်း e book တစ်အုပ် ရေးပေးခဲ့ဖူးတယ်။ကဲဗျာ ကြည့်ပီး ညွှန်းပေးသော လင့်တွေကို သာကြည့်ပီး repair ပိုင်းကို ဒီလောက်ပဲ ထားလိုက်တော့မယ်။နောင့်ပိုင်းလည်း 7 ပိုင်းတွေကို ရေးသားဖို့ စိတ်ကူးရှိပါတယ်။

http://www.phoothar3.co.cc/2010/07/window-xp-installation.html
ဒီပို့စ်ကို PDF FILE လိုချင်ရင်

Wednesday, August 18, 2010

Start menu change in XP ...

အလုပ်မဖြစ်ဘူးဖြစ်နေတယ်။ဒီကြား ထဲ ကွန်ပျူတာကလည်း connection ကလည်းရတစ်ချက်မရတစ်ချက်ဆိုတော့ တော်တော်လေးကိုစိတ်ညစ်မိတယ်။ဘယ်လိုပဲ ပြောပြော တစ်နေ့ကိုပို့စ်တစ်ပုဒ်လောက်တော့ ရအောင်တော့ရေးချင်တယ်။ခု XP နဲ့ဆိုင်တဲ့ secret လေးတစ်ခုပြောပြမယ်။သိပ်တော့ အရေးမပါပေမယ့် knowledge တစ်ခုလောက်တာ့ ကျန်ခဲ့စေမှာအမှန်ပါ ဘဲ။အသုံးဝင်တဲ့ users များလည်းရှိတာပေါ့။My themes မသုံးသူတွေကတော့ အထိုက်အလျှောက်တော့ အသုံးဝင်စေတာအမှန်ပါ။ကျွှန်တော်တို့ လက်ရှိသုံးနေတဲ့ OS XP က Start Menu လေးကို နှစ်သက်တဲ့ name လေးပြောင်းကြည့်ကြရအောင်။



Windows/Drive C:\WINDOWS အခန်းမှာရှိတဲ့ explorer file အား Copy လုပ်ပြီး C:\WINDOWS ထဲတွင် Paste လုပ်၍ explorer1 ဟု နံမည်ပေးပါ။


Windows တင်ထားသော C:partition Window အခန်းအား Double click လုပ်ပါ။ C:\ ထဲတွင် explorer backup file တစ်ခု တည်ဆောက်ပြီး Copy လုပ်ထားသော explorer file အား Paste လုပ်ပါ။



Start - Run /regedit လို့ရိုက်ထည့်ပြီးအောက်က registry ပိုင်းအဆင့်ဆင့်အားလုပ်ဆောင်ပေးပါ။အ အဆင်တော့ပြေမှာပါ။ပြီးလျှင်အောက်ကပေးထားတဲ့ registry dictionary လမ်းကြောင်းတိုင်းသွားပါ။


Registry editor မှာရှိတဲ့ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Right Click – export မိမိ နှစ်သက်သော နံမည်ပေးပြီး Window မတင်ထားသော Drive တွင် Save လုပ်ပါ။ ပြဿနာ ဖြစ်လာလျှင် မိမိ Save ထားသော backup file ကို Open လိုက်လျှင် အားလုံး အဆင်ပြေသွားမည် ဖြစ်ပါသည်။


Registry backup file လုပ်ပြီးသွားရင်တော့ HKEY_LOCAL_MACHINE\SOFTWARE\Microsoft\Windows NT\CurrentVersion\Winlogon အား Click လုပ်ပါ။ ညာဘက်ရှိ Box ထဲတွင် Shell file အား Double Click ပါ။ Value Data: အောက်ရှိ Box တွင် explorer1.exe ဟုရိုက်ပြီး OK ပေးပါ။


Resource Hacker Software အား Run ပါ။မရှိလျှင်အောက်က uploading sharing link ကနေ download ဆွဲပါ။


ResHack.rar






ResHacker/ File /Open /explorer1 /open ပေးပါ။





String table / 37 / 1033 Click ပါ။ ညာဘက်ရှိ Box ထဲတွင် “start” နေရာတွင် မိမိ ကြိုက်နှစ်သက်သော နံမည် ( e.g:“PHOOTHAR” ) ပေးပါ။ Compile Script ကို Click လုပ်ပါ။ File /Save လုပ်ပြီးလျှင် Restart ပေးပါ။



Windows ပြန်တက်လာသောအခါ Start နေရာတွင် ချိန်းထားသော PHOOTHAR ဆိုတဲ့နာမည်ကို မြင်တွေ့ရမှာဖြစ်ပါတယ်။တစ်ခုတော့မှာဦးမယ် Window XP မှာပဲရမယ်နော်။မြန်မာ လိုတော့ ချိန်းတာအဆင်ပြေမည်မဟုတ်ပါ။

ဒီပို့စ်ကို PDF FILE လိုချင်ရင်

Thursday, July 29, 2010

How to see your hadware information ...

ဒီပို့စ်ကတော့ ကိုယ်ကကွန်ပျူတာတစ်လုံးသွား ဝယ်ပြီဆိုပါတော့။ကွန်ပျူတာတစ်လုံးကို ဝယ်ပြီဆိုရင်တော့ ကိုယ်ဝယ်လိုက်သော ကွန်ပျူတာ software ပိုင်းပါဝင်မှုပိုင်းထက် hardware ပိုင်းပါဝင်မှုပိုင်းကိုကြည့်မယ် ဆိုရင်မှန်ကန်ပါလိမ့်မယ်။ကိုယ်က ကွန်ပျူတစ်လုံးကို ဝယ်ပြီဆိုပါတော့ အရင်ဆုံးဘာကို ကြည့်သင့်လဲ? ဘာကိုဦးစားပေးကြည့်သင့်လဲ?သိပြီးသားလူတွေရှိရင်တော့ ကြိုပြီးတောင်းပန်ပါတယ်။အရင်ဆုံးကြည့်သင့်တာ က central processing unit(CPU)ပါ။သူ့ကကိုယ့်ကွန်ပျူတာ application software လုပ်ဆောင်မှု နှေးတာမြန်တာ ကို ram ပေါ်ကိုကြည့်တာထက် processor ကိုကြည့်တာပိုမှန်ပါလိမ့်မယ်။Ram ဆိုတာ များများတပ်ရင်မြန်တယ်ဆိုတာ လက်ခံပါတယ်။အောက်ပိုင်းမှာကျွှန်တော် ram နဲ့ပတ်သတ်ပြီး ရှင်းပြထား ပေးပါ့မယ်။ကဲ window ပိုင်းကနေ cpu တစ်လုံးရဲ့ speed ကို ghz နဲ့တိုင်းတာပါတယ်။ခုနောက်ပိုင်း cpu တွေက အရင်လို 96ခုနှစ်တုန်းကလို mhz နဲ့မလာတော့ပါ။ခုနောက်ပိုင်း cpu များဟာ ခတ်နဲ့အညီတိုးတက် လာသည်နှင့်အမျှ cpu လုပ်ဆောင်နှုန်း လည်းတိုးတက်လာကြပါတယ်။Ghz နဲ့ပဲလာတာပါ။



ကဲကျွှန်တော်က ကျွှန်တော် စက်ကနေ cpu တစ်လုံးရဲ့ speed နှုန်းကိုကြည့်ပြပါ့မယ်။ပြောစရာတော့ရှိပါတယ်။My computer ရဲ့ System properties ကနေကြည့်တယ်လို့။လူတော်တော်များများက အဲ့ကနေကြည့်တာများပါတယ်။မှန်ပါတယ်လို့ ပြောရင် တစ်ချို့တစ်ဝက်မှားပါတယ်။မှားရတဲ့ ရည်ရွှယ်ချက်က system properties ကနေကြည့်လိုက်တဲ့ cpu speed ကို window ပိုင်းရဲ့ registry ပိုင်းမှာပြင်ပေးလို့ရပါတယ်။ဘယ်လိုပြင်ပေးရမလဲလို့ပြောလာရင်

Run မှာ regedit လို့ရိုက်ပြီး အောက်မှာကျွှန်တော်သွားတဲ့ အဆင့်အဆင့်လမ်း ကြောင်းကိုပြထားပါတယ်။



HKEY_LOCAL_MACHINE\Hardware\Description\System\CentralProcessor\0

CentralProcessor ရဲ့ အောက်မှာ 0 နဲ့ 1 ဆိုပြီး နှစ်ခု ရှိပါတယ်။ 0 ကို ပြောင်းလိုက်ရင်ပဲ ပေါ်ပါပြီ။0 ကို နှိပ်ပြီး ညာဘက်မှာProcessorNameStringဆိုပြီးရှိပါတယ်။ပြောင်းပြီးရင် registry editor ကိုပိတ်ပြီး system properties ကို ပြန်ဖွင့်ပါ။ ပြောင်းလိုက်တဲ့အတိုင်း ပေါ်လာတာကို မြင်ရပါလိမ့်မယ်။


ကဲအဲ့လိုဆိုဘယ်လိုလုပ်မလဲ?မေးလာစရာများရှိပါတယ်။အရိုးရှင်းဆုံး Cpu name များကိုပြောင်းလို့မရတဲ့ တစ်နေရာရှိပါတယ်။အဲ့ဒါက system information လို့ခေါ်တဲ့ ဝင်းဒိုးပိုင်းက utility တစ်မျိုးပါဘဲ။အောက်က အဆင့်တိုင်းသွားပေးလိုက်ပါ။အဲ့ system information ပိုင်းကိုပြောင်းလို့ရလားလို့မေးလာခဲ့လျှင်တော့ ပြောင်းလို့မရပါ။အရိုးရှင်းဆုံးသွားနည်းကတော့




All programs/Accessories/System information အဲပိုင်းကနေကြည့်ပေးပါ။နောက်တစ်ချက်က command prompt ကနေသွားနည်းပါ။ကျွှန်တော်ကတော့ command prompt ကနေသွားနည်းကိုပြ ပေးပါ့မယ်။Run box ကနေ cmd လို့ရိုက်ပါ။ရိုက်ပြီးသွားလို့ Command prompt မြင်ကွင်းပေါ်လာရင် systeminfo လို့ရိုက်ပါ။ခုသူငယ်ချင်းသုံးနေတဲ့ system ပိုင်းဆိုင်ရာ details များအသေးစိတ် ထွက်ကျလာပါလိမ့်မယ်။ ပုံကို ကြည့်ပေးပါ။

ကဲကျွှန်တော်စက်က နဂိုက ကျွှန်တော်သုံးနေတဲ့ cpu အမျိုးစားက P4(Pentium 4(ပန်တီယယ်4)ပါ။ဒီခတ် အနေထားနဲ့ဆို တော်တော်လေးကို ခတ်နောက်ကျနေပါပြီ။Pentium ဆိုတာ company ကထုတ်လိုက်တဲ့ nameပါ။ဥပမာ ကျွှန်တော့်စက်ဆိုရင် ပြထားတာက ရှင်သွားအောင် အောက်ကပုံကိုသာကြည့်လိုက်ပါ။ကျွှန် တော် တက်နိုင်သလောက်တော့ ရှင်းလင်းပေးပါမယ်။




အဲ့မှာပါတဲ့ Intel ဆိုတာက company name ပါ။ခုကျွှန်တော့်စက် processor ကို produce လိုက်တဲ့ company နာမည်ပါ။ကမ္ဘာမှာ နာမည်အရဆုံး company ကိုပြောရရင်တော့ intel နဲ့ amd company ပါဘဲ။ကဲဆက်ကြည့်ပေးပါအုံး။Pentium®4 CPU ဆိုတာက Pentium processor လို့ခေါ်တာပါ။Processor နာမည်ပါ။4 ဆိုတာက သူ့ intel company ကထုတ်လိုက်တဲ့ series လိုက်ရှိပါတယ်။Pentium နာမည် processor နာမည်ဆိုရင် intel company က P1,P2,P3,P4 ဆိုပြီးထုတ်လိုက်တဲ့ အထဲကမှ ကျွှန်တော့် processor က p4 series ပါ။3.06ghz(or)3.07ghz ဆိုတာက နောက်က ghz ဆိုတာက ခုကျွှန်တော့ processor လုပ်နေတဲ့ လုပ်ဆောင်ပေးမှုနူန်းပါ။Processor ဆိုတာက တိုင်းတာတဲ့ unit ကghz,mhz နဲ့တိုင်းတာပါတယ်။1ghz မှာအမှန်က 1024 mhz ရှိပါတယ်။ဒါပေမယ့်ကွန်ပျူတာတိုင်းမှာ 1000mhz ပဲယူလေ့ရှိပါတယ်။ဥပမာ ram ဆိုရင် gb ဆိုတာက ram တစ်ချောင်းတိုင်းတာတဲ့ယူနစ်ပါ။ပြီးတော့ 1gb(ဂီဂါဘိုက်)ဆိုတာက ram တစ်ခုရဲ့ ram ချောင်းများရဲ့ chips များဆိုတာရှိပါတယ်။အဲ့ ram ချောင်း store လုပ်ဆောင်မှုက ram chips များမှာသိမ်းဆည်းတာပါ။ရူပ်သွားလားတော့မသိဘူး။ကဲ ရှင်းရှင်းပြောရရင်တော့ 1gb ဆိုတာက ram ချောင်းရဲ့ ram chips များမှာ ram ချောင်းတစ်ချောင်း data သိမ်းဆည်းနိုင်မှု အကျယ်ဝန်းကိုဆိုလိုတာပါ။ပုံကိုကြည့်လိုက်ပါရှင်းသွားအောင်



ကဲ ram ပိုင်းကိုတော့ system properties ကပဲကြည့်လိုက်ပါ။Hardisk ကို အကျယ်ဝန်း space ကိုဘယ်လိုကြည့်ရလဲဆိုရင်


My computer/r click ပေး/Manage/ကနေ Disk Management ကနေကြည့်ပေးလိုက်ပါ။အောက်မှာလည်း cd room (ကိုယ့်စက်က dvd room) တပ်ထားလျှင်တော့ drive room တွေကိုကြည့်ပေးလို့ရပါတယ်




ကဲကိုယ့်စက်မှာကိုယ်ပိုင် graphic card ဝယ်ထပ်ထားလျှင်(သို့)Motherboard ဝယ်ကတည်းက onboard graphic ပါပြီးသားတွေကိုဘယ်လိုကြည့်ရမလဲဆိုရင်တော့ အရင်ဆုံး Desktop ကို r click ပေး ပြီးရင် Propeties/Settings/Advanced/Adapter ပိုင်းမှာကြည့်ပေးလိုက်ပါ။(မှတ်ချက်။ကိုယ့် စက်က graphic card တော့ run ထားပေးရမယ်နော်။Onboard သမားတွေကတော့ ကိုယ်ပိုင် motherboard driver ခွေထဲက graphic onboard driver ကိုတော့ run ပေးပေါ့။ကျွှန်တော့် ပုံမှာက onboard graphic card ပါ။အဲ့ဒါမို့လို့ 96mb ပဲရှိတာပါ။မသိရသေးသောသူငယ်ချင်းများ ရှိသလို သိပြီးသားသူငယ်ချင်းများကလည်း ဗဟုသုတရတာ ပေါ့။မှားတဲ့အချက်တွေရှိရင် ဝင်ထောက်ပေးခဲ့ပါ။

Window XP installation

WindowXP installationပိုင်း ကိုကျွှန်တော်ရေးသားထားပါတယ်။အဲ့ WindowXP လုပ်ဆောင်မှု အဆင့်ဆင့်ကို ကျွှန်တော်ပို့အဟောင်းမှာရေးဖူးပါတယ်။အားလုံးလည်း အဆင်ပြေအောင် ကျွှန်တော်လည်း pdf file ထုတ်ရင်းနဲ့ အခြေခံ window မတင်တက်သေးသူများ အတွက်ရည်ရွှယ်ပြီးရေးသားပါတယ်။ကျွှန်တော် မကြာသေးခင် ပို့အသစ်တွေပြန်ရေးဖို့ စဉ်းစားထားပါတယ်။

ကျွှန်တော့် ဘလော့က ဆော့ဝဲလ်ပိုင်းဆိုင်ရာနည်းပါတယ်။ကျွှန်တော်ကိုယ်တိုင်ကလည်း ဟက်လ်ဝဲပိုင်းကို ပိုအားသန်ပါတယ်။ပြီးတော့ ကျွှန်တော်က ပို့အဟောင်းတွေကို ပြန်လုပ်ရတာနဲ့ ပွဲပျက်နေတာပါ၊လုပ်ရခြင်းရည် ရွှယ်ချက်ကလည်း ကျွှန်တော်ကိုယ်တိုင်လည်း pdf file တွေနဲ့ posts အားလုံးကို သီခြားလေး စနစ်တကျသိမ်း ထားစေချင်လို့ပါ။ထို့အတူ ကျွှန်တော့်လိုဘဲ ကျွှန်တော့်ဘလော့လ် လာသူငယ်ချင်းများအားလုံးလွယ်လွယ် ကူကူ ကိုယ်တိုင်ကွန်ပျူတာမှာ ဖတ်လို့ရတာပေါ့ဗျာ။ပြီးတော့ ဆော့ဝဲလ်ပိုင်းတွေကို တင်ဖို့ကျွှန်တော့မှာ စဉ်းစား ထားတာလေးရှိပါတယ်။မလုပ်ဖြစ်သေးတာရယ် မအားဖြစ်သေးတာရယ်ကြောင့်ပါ။ကျွှန်တော်က ပိုတောင် လုပ်ချင် တာတစ်ပိုင်းသေပါတယ်။ကဲလေရှည်သွားတဲ့အတွက် တောင်းပန်ပါတယ်။အောက်မှာသာ down လိုက်ပါသူငယ်ချင်းများ!Download Now ကိုနှိပ်ပေးပါ။

http://www.4shared.com/document/9ArXmUoE/Window_XP_installation.html
Window 7 installation ပိုင်းကိုဆက်ရေးဖို့ရှိပါတယ်။နောက်ပိုင်းမှပါ။

Wednesday, July 28, 2010

Hardisk Scan ဖတ်ခြင်း



ဒီပို့စ်ကို PDF FILE လိုချင်ရင်

Monday, July 26, 2010

Hardisk speed မြှင့်တင်ခြင်း



ဒီပို့စ်ကို PDF FILE လိုချင်ရင်

Folder တစ်ခုကို Сontrol Panel တစ်ခုအဖြစ်ပြောင်းခြင်း



ဒီပို့စ်ကို PDF FILE လိုချင်ရင်

System Shutdown လုပ်ရာတွင်ကြာချိန်ကိုလျှော့ချခြင်း။



ဒီပို့စ်ကို PDF FILE လိုချင်ရင်

Window အတွက်အခြေခံလမ်းညွန်ချက်များ



ဒီပို့စ်ကို PDF FILE လိုချင်ရင်

Sunday, July 25, 2010

windowရှိတဲ့Cdriveကိုဖျောက်မယ်




ဒီပို့စ်ကို PDF FILE လိုချင်ရင်

Computer မြန်ဆန်စေရင်လုပ်သင့်သောအချက်များ




ဒီပို့စ်ကို PDF FILE လိုချင်ရင်

ကိုယ့် ရဲ့ကွန်ပျူတာကို အမှိုက်ရှင်းတဲ့ .bat တစ်ခု





Saturday, July 24, 2010

Default Rename ပေးမရခြင်း

file ကို rename ပေးလိုက်တဲ့အခါမှာ အနောက်က extension တွေပါ ရောပါနေလို့ပေးမရတာပါ/



ဥပမာ - PHOOTHAR.jpg ဆိုတဲ့ file ကို rename လုပ်မယ်ဆိုရင် PHOOTHAR ဆိုတာကိုပဲ နာမည်ချိန်းလို့ ရပါမယ်.. အနောက်က jpg ဆိုတဲ့ extension ကိုပါ ရောချိန်းလိုက်မယ်ဆိုရင်တော့ဖြင့် ကွန်ပျူတာက ဘာနဲ့ ဖွင့်လို့ ဖွင့်ရမှာမှန်းကို မသိပါဘူး။ ဒါကြောင့် အဲ့ဒီ message လေးကို ပြတာပါ။
အင်းတစ်ခုလောက်ပြောချင်လို့ပါ/ PHOOTHAR.jpg ဆိုတာက အနော်သိတာက
(PHOOTHAR)Filename.extension(jpg)



အဲ extension တွေကို hide လုပ်ထားလို့ရပါတယ်။ ဒါဆိုရင် file name ကို ကိုယ်က ဘယ်လိုပဲ change change အနောက်က extension ကပါ လိုက်မချိန်းတော့ဘူးဆိုတော့ အဲ့လိုတွေ မဖြစ်တော့ဘူးပေါ့။ folder option --> View --> Hide extension for know files type ဆိုတာကို uncheck ပေးထားလိုက်ပါ။

ဒီပို့စ်ကို PDF FILE လိုချင်ရင်

WINDOW XP ရိုးရှင်းသောအချက်(၄၀)

၁) Start Menu ကို ပိုမိုမြန်ဆန်စေဖို့

Start ကိုနှိပ်ပါ။ Run box ကိုဖွင့်ပါ။ Regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)ဘယ်ဘက် Panel မှာ“HEYCURRENT USER” ကို ကလစ်နှိပ်ပါ။ အဲဒီထဲ ကမှ “control panel” ကိုထပ်ရွေးပါ။ “ Control panel ” ထဲကမှ Desktop ကို ရွေးပါ။ညာဘက်အကွက်မှာ ပေါ်လာတဲ့“Menushowdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့ Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။


Start ကိုသွားပါ။Run box ကိုဖွင့်ပါ။“gpedit.msc” ဆိုပြီး ရိုက်ပါ။ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။ “Administrative Templates” ကိုရွေပါ။“Windows components” ကို ရွေးချယ်ပါ။ “Terminal services” ကိုရွေးချယ်ပါ။ညာဘက် “Temporay Folders” မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon exit” မှာ Right click နှိပ်ပါ။Properties ကို ရွေးချယ်ပါ။ ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမိုမြန်ဆန်စေပါတယ်။

Start ကို ကလစ်နှိပ်ပါ။ Run box ကိုဖွင့်ပါ်။“%temp%” လို့ ရိုက်ထည့်ပါ။တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး ဖျက်ထုတ်ပစ်ပါ။ (လုပ်ဆောင်နေဆဲဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အကြောင်း ပြောလာတတ်ပါတယ်။
(၄) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမိုမြန်ဆန်စေပါတယ်။

နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။Start > Run box ကိုဖွင့်ပါ။“Prefetch” လို့ ရိုက်ထည့်ပါ။တွေ့သမျှ ဖိုင်မှန်သမျှဖျက်ပစ်ပါ။
(၅) Hard disk ကို အချိန်ရှိသရွေ့  ရှင်းလင်းပေးပါ။

All-Programကိုသွားပါ။Accessoriesကနေတစ်ဆင့်“Systemtools”အောက်မှာရှိနေတဲ့“DiskCleanU
p”ကိုကလစ်နှိပ်ပါ။၅မိနှစ်အတွင်းမှာပုန်းကွယ်နေတဲ့အမှိုက်သရိုက်တွေမှန်သမျှရှင်းလင်းပေးလိမ့်မယ်၊
(၆) မသုံးတဲ့ ပရိုဂရမ်တွေကို ဖယ်ထုတ်ပါ။

Start>Run “msconfig” လို့ရိုက်ပါ။“System configuration Utility”box ပေါ်လာပါမယ်။ညာဘက်အ စွန်းဆုံးမှာ “Start up tab” ဆိုတာရှိပါတယ်။ကိုယ့်အတွက်အသုံးမ၀င်တဲ့ program တွေရဲရှေ့ မှာအမှန်ခြစ် အ မှတ်အသား လုပ်ထားခဲ့ရင် ပြန်ပြီး“uncheck” လုပ်ပေးပါ။Restart နဲ့ ပြန်စပါ။
(၇) လုံခြုံစေဖို့ ဖိုင်စနှစ်ပြောင်းသုံးပါ။

Start > all programs > accessories > command prompt တစ်ခုချင်း ကလစ်နှိပ်ပြီးသွားပါ။ Command pormpt ပေါ်လာရင် အနက် screen ကြီးကို တွေ့ရပါမယ်။မှိတ်တုတ်မှိတ်တုတ် cursor လေးနဲ့ “convert c:fs:ntfs” လို့ရိုက်ပါ။

ပြီးရင် ‘Enter’ ခေါက်ပါ။Command prompt ကို နောက် တစ်မျိုး “Start > Run” မှာ cmd လို့ ရိုက်ထည့်ပြီး သွားနိုင်ပါတယ်။တကယ်လို့ NTFS ပြောင်းပြီးသား ဆိုရင် ပြောင်းဖို့ မလိုပါ။ My computer ကို Right Click နှိပ်ပြီး“properties” မှာဖွင့်ကြည့် နိုင်ပါတယ်။cmd ထဲဝင်ပြီးပြန်ထွက်မရဖြစ်နေရင် “ exit ”ရိုက်ပြီးထွက်ပါ။
(၈) Memory ပိုမို အလုပ်လုပ်စေနိုင်ဖို့

XP default မှာ memory ရေရှည် အသုံးခံနိုင်အောင်နဲ့ တခြား လိုအပ်တဲ့ စနစ်ပိုင်း ဆိုင်ရာတွေကိုမောင်းနှင်ဖို့ စီမံထားပါတယ်။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ့်အတွက် အသုံးမ၀င်ပါဘူး။ ရှိရင်းစွဲ memoryကိုပဲ လှည့်ကွက်တစ်ခု အနေနဲ့ ပိုပြီး ကောင်းမွန်အောင် သုံးစွဲနိုင်ပါတယ်။Start > Run > Regedit အဆင့်ဆင့်သွားပါ။Registry panel ရဲ့ ဘယ်ဘက်မှာ “HKEYLOCALMACHINE” ကို click နှိပ်ပါ “System” ကို ကလစ် နှိပ်ပါ။“Current control set” ကို ကလစ် နှိပ်ပါ။ “control” ကို ကလစ်နှိပ်ပါ။“Session Manager” ကို နှိပ်ပါ။“Memory Managment” ကိုကလစ်နှိပ်ပါ။ ညာဘက် panel မှာ ရှိတဲ့ “Disable pasing executive” ကိုDouble Click နဲ့ ဖွင့်ပါ။Large System Cache ကိုလည်း double click နဲ့ ဖွင့်ပါ။Decimal value ကို “1" ပြောင်းပေးပါ။Restart ပြန်လုပ်ပါ။ Memory Performance ပိုပြီး ကောင်းမွန်လာပါလိမ့်မယ်။
(၉) ဖိုင်တွေကိုလုံခြုံစေဖို့ password ပေးပါ။

Password ပေးပြီး သိမ်းဆည်းထားတာဟာ အလုံအခြုံဆုံးပါပဲ။password ပေးတဲ့အခါမှာသိမ်းဆည်းချင်တဲ့ ဖိုင်တွေကို folder တစ်ခုထဲကို အရင်ထည့်ပါ/

- Win Zip Software ကို ဖွင့်ပါ။File menu အောက်မှာရှိတဲ့ Add a password ကို ကလစ်နှိပ်ပါ။Winrar Software ကို install လုပ် ခဲ့မယ်ဆိုရင်တော့ ဖိုင်ကိုကလစ်ထောက်လိုက်ပြီး ချုံ့ပေးပါလို့ ခိုင်းပါ။Advanced မှာ “Set password” ကို click နှိပ်ပါ။Password line နှစ်ကြောင်းတွေ့ရပါလိမ့်မယ်။တစ်ခုနဲ့တစ်ခု တူညီရပါမယ်။
(၁၀) ဖိုင်တွေ လုံခြုံစေဖို့ ရုပ်ဖျက်ထားနိုင်ပါတယ်။

ဆော့ဖ်ဝဲအသုံးပြုထားတဲ့ ဖိုင်မှန်သမျှဟာ အဲဒီဆော့ဖ်ဝဲရဲ့ extension နဲ့ အဆုံးသတ်ပါတယ်။ ဥပမာ ebookစာအုပ်တွေဆိုရင် (.pdf)၊ စာစီစာရိုက် ဆော့လ်ဝဲ pagemaker ဆိုရင် (.pmd)၊ Photoshop ဆိုရင် (.psd)(.jpg) စတဲ့ အဆုံးသတ် extension တွေပါဝင်ပါတယ်။ အဲဒီ extension တွေကိုဖော်ထားလို့ရသလိုဖျောက်ထားလို့လည်းရပါတယ်။

ပထမဆုံး My Computer ကိုကလစ်နှိပ်ပြီး အထဲကို ၀င်ပါ။Folder options ကို သွားပါ။ (Tools အောက်မှာ ရှိပါတယ်။)“File Types” ကို ကလစ် နှိပ်ပါ။ (အဲဒီအခါမှာ ဖိုင်ရဲ့ extension တွေ တစ်ခုချင်းစီအလိုက်ပေါ်လာပါလိမ့်မယ်။အခု ဖုံးကွယ်ထားမယ့် ဖိုင်တစ်ခုကို extension ပြောင်းပေးပါ။ ဥပမာကိုယ်က (.pmd)နဲ့ စာရိုက်ထားတဲ့ pageတစ်ခုကို ဖျောက်ထားချင်ရင် အဲဒီ (.pmd) နေရာမှာ (.pdf) စသည်ဖြင့် ပြောင်းလဲပေးလိုက်ပါ။ ပြီးရင် extension ဖော်ထုတ်ထားတာကို ပြန်ပြီး ဖျောက်ပစ်လိုက်ပါ။
အဒီအခါမှာကိုယ့်ဖိုင်ဟာကိုယ်ကိုယ်တိုင်တောင်မှမမှတ်မိနိုင်တော့တဲ့ဖိုင်အမျိုးအစားတစ်ခုအနေနဲ့ပြော
င်းလဲသွားပါလိမ့်မယ်။
(၁၁) ပရိုဂရမ်ရဲ့ အမြန်နှုန်းတွေကို မြှင့်တင်ပါ။

Screen ရဲ့ အောက်ခြေမှာရှိတဲ့ ‘taskbar’ ကို Right click လုပ်ပါ။ပေါ်လာတဲ့ box ထဲက ‘Task Manager’ ရွေးပါ။‘Task Manager’ ထဲကမှ ‘process tab’ ကို ရွေးချယ်ပါ။ ကိုယ့် ပီစီထဲမှာ ရှိတဲ့ ပရိုဂရမ်တွေ၊ browser တွေပေါ်ထွက်လာပါလိမ့်မယ်။ကိုယ်မကြာခဏ သုံးစွဲလေ့ရှိတဲ့ ပရိုဂရမ်ပေါ်မှာ “Right Click” နှိပ်ပါ။ ‘pirority’ ကို High လုပ်လိုက်ပါ။ကိုယ်သုံးစွဲတဲ့ ပရိုဂရမ်ဟာ သိသိသာသာ အမြန်နှုန်း မြင့်တက်လာပါလိမ့်မယ်။
(၁၂) Hibernate မလုပ်ပါနဲ့။

Hibernateကိုကွန်ပျူတာသမားတွေအသိများပါတယ်။နောက်တစ်နေ့ကိုယ်သုံးစွဲတဲ့ပရိုဂရမ်တွေအတိုင်
းပြန်ပေါ်ထွက်လာအောင် စီစဉ်ပေးထားတာပါ။ ဒါပေမယ့် memory ကို အရမ်းစားပြီး harddisk မှာလည်း မတရား နေရာယူလွန်းပါတယ်။Control Panel ကိုဖွင့်ပါ။Power Options ကို click နှိပ်ပါ။Hibernate ကို ရွေးချယ်ပါ။‘Enable hibernation’ ကို ‘Uncheek’ ပြန်လုပ်ပါ။ (ခွင့်မပြုဘူးဆိုတဲ့သဘောပါ။)
(၁၃) Memory နည်းပါးနေတဲ့အခါ

ဆော့ဖ်ဝဲနှစ်ခုလောက်ပြိုင်အလုပ်လုပ်တဲ့အခါ ‘Memory Inerupt’ ဆိုပြီးဆော့ဖ်ဝဲ တစ်ကို ပိတ်သွားတာမျိုး ရှိသူတွေအတွက် လျှော့ချသင့်တဲ့ ပုံစံတွေ ရှိပါတယ်။ XP မှာအသစ်ပေါင်းထည့်ထားတဲ့ feature အသစ်ဟာ momery ကို အလွန်သုံးစဲသွ လို “Themes” တွေကလည်းmemory ကိုသုံးစွဲပါတယ်။ ဒါကြောင့် Style XP လို “Thames” တွေကို memory မြင့်မြင့်မားမားမရှိဘဲနဲ့install မလုပ်ပါနဲ့။ Window ဂန္တ၀င်ပုံစံဟာ memory ကို ချွှေတာရာရောက်ပြီး အလုပ် များများရှိတဲ့လူတွေအဖို့ သင့်တော်ပါတယ်။

Control Panel > SystemAdvanced tab ရွေးချယ်ပါ။‘Performance’ မှာ ’setting’ ဆိုတာ ပါဝင်ပါတယ်။setting ကို ကလစ်နှိပ်ပြီး ‘Adjust for bestperformance’ ကို ရွေးချယ်ပါ။နောက်တစ်နည်းနဲ့ Start Menu ကို ဂန္တ၀င် ပုံစံပြောင်းလို့ ရသေးပေမယ့် အခုနည်းက OS ကနေအလိုအလျှေက် ညှိနှိုင်းဆောင်ရွက်ပေးတဲ့ အတွက်ကောင်းပါတယ်။
(၁၄) Automatic update ကို ပိတ်သင့်ပါသလား။

အင်တာနက်ချိတ်ဆက်ထားတဲ့ ပီစီတွေအ ဖို့တော့ Automatic update ကို ပိတ်ထားတာဟာ အဆိုးရောအကောင်းရော ဖြစ်စေပါတယ်။အဆိုးကတော့ browser မှာ ထည့်သွင်းထားတဲ့ ‘add-ons’ လို update တွေမရနိုင် တော့ပါ။အကောင်းဘက် ကတော့ memory ကို ပိုမို များပြားစွာ သုံးစွဲစေပြီး XP ကို ပိုမြန်စေပါတယ်။

---------------------------------Control Panel > System Automatic updating ကို Turn Off လုပ်ပေးပါ။
(၁၅) ပရိုဂရမ်တွေကို Shortcuts တွေ တည်ဆောက်ထားပါ။

Desktop မှာ New Floder ဖန်တီးပြီး ‘Application’ လို့ အမည်ပေးပါ။ပြီးရင် ပရိုဂရမ် တွေရဲ့ Shortcuts တွေ မှန်သမျှ ထည့်ပေးပါ။Taskbar မှာ Right Click နှိပ်ပြီး toolbar မှာ ‘New toolbar’ ကို သွားပါ။တည်ဆောက်ထားတဲ့ ‘Application’(New Floder)’ ဆီကို ညွှန်းပေးပါ။ပီစီဖွင့်တိုင်းမှာ Shortcuts တွေကနေ တစ်ဆင့် အမြန်ဆုံး အလုပ်လုပ်နိုင်ပါမယ်။
(၁၆) ‘Shut-down’ shortcut ဖန်တီးနိုင်ပါတယ်။

Desktop မှာ Right Click နှိပ်ပါ။ New shotcut ကို ဖန်တီးပါ။နာမည်မှာ ’%windir%\system32\SHUTDOWN.exe’ လို့ အမည်ပေးပါ။ပြီးရင် properties ကို သွားပါ။ Target နေရာမှာ “C:/Windows/system32/shutdown.exe”ကို ရွေးပေးပါ။
(၁၇) Keyboard shotcut တွေကိုသုံးပါ။

Ctrl+A ဆိုတာ Select All ၊ Ctrl+C ဆိုတာ Copy ၊ Ctrl+V ဆိုတာ Paste ဒီလိုမျိုးမြန်ဆန်စေတဲ့ကီးဘုတ်ဖြတ်လမ်းနည်းလေးတွေကိုသုံးစွဲကြည့်နိုင်ပါတယ်။
(၁၈) Fonts တွေကို ခဏဖယ်ထုတ်ထားပါ။

ဖြစ်နိုင်ရင်တော့ တချို့  Fonts တွေဟာ ဥပမာအားဖြင့် ကိုယ်ဟာ စာစီစာရိုက် သမားတစ်ယောက်၊ Webdesigner တစ်ယောက်မဟုတ်ရင် မလိုအပ်တဲ့ font တွေကို အပြီးတိုင် ဖယ်ထုတ်ထားလို့ ရပါတယ်။Photoshop လို ပရိုဂရမ်မျိုးဟာ ဖွင့်ချိန် အရမ်းကြာမြင့်တာဟာ သူ့ရဲ့library ထဲကို အသင့်သုံးပစ္စည်းတွေကိုခေါ်ယူနေတာကြောင့်ပါ။
အဲဒီလိုမျိုးပဲတခြား!!ပရိုဂရမ်တွေဟာကြာနေတတ်တာဟာလည်းအကြောင်းမျိုးမျိုးရှိနိုင်ပြီင်္းအဲ့ဒီထဲကအ
ကြောင်းတစ်ခုက ‘Fonts’ တွေကို loading လုပ်နေရလို့ပဲ ဖြစ်ပါတယ်။

Control Panel > Fonts ကို ဖွင့်ပါ။Folder အသစ်တစ်ခု ဆောက်ပါ။အသုံးမလိုတဲ့ Fonts တွေကို သီးသန့် ပေါင်း စုထားပြီး၊ control panel ကနေ ခွဲထုတ်နေရာရွှေ့ ပစ်လိုက်ပါ။
--------------------------------------------- ဒါဟာ ပရိုဂရမ်တွေကို မြန်ဆန်စေတဲ့ လျှို့ ဝှက်ချက် တစ်ခုပါပဲ။

(၁၉) Font အရွယ်အစား ပြောင်းလဲကြည့်နိုင်ရန်

အင်တာနက်သုံးစွဲနေတဲ့အချိန် Image ပေါ်မှာရေးထားတဲ့စာလုံးတွေကိုပဲဖြစ်ဖြစ် တခြားနေရာမျိုးစုံကအက္ခရာတွေကိုပဲ ဖြစ်ဖြစ်ပိုမိုသဲကွဲစွာမြင်နိုင်ဖို့ နည်းရှိပါတယ်။
Ctrl ကို ဖိထားရင်း keyboard အပေါ်တန်းက “+” ကို နှိပ်ပါ။ နှိပ်လေလေ font နဲ့ webpage စာမျက်နှာကြီးလာလေလေ ဖြစ်ပါလိမ့်မယ်။ အရွယ်အစား လျှော့ချဖို့ ကတော့ ‘Ctrl’ နဲ့ အနှုတ်လက္ခဏာကိုတွဲဖက်အသုံးပြုပါ။
(၂၀) Shift + Delete ကို သတိထားပါ။

ရိုးရိုး Delete ဟာ ဖိုင်တစ်ခုကို ဖျက်ပစ်လိုက်ပေမယ့် အမှိုက်ပုံးထဲမှာ ကိုယ်စားကျန်ပါသေးတယ်။ Shift Keyကို သတိထားပြီး Delete ခလုတ်ကို နှိပ်ချလိုက်မယ် ဆိုရင်တော့ အပြီးတိုင် ဖျက်ပေးသွားပါလိမ့်မယ်။ မလိုလားအပ်တဲ့အကျိုးဆက်တွေ ဖြစ်စေနိုင်တာမို့ ‘Shift + Del’ ကို သတိထားပြီး သုံးစွဲပါ။
(၂၁) Error report ကိုပယ်ဖျက်ပါ။

ပရိုဂရမ်တွေ မျိုးစုံ ဖွင့်နေရင်း တစ်ခါတစ်လေမှာ ပရိုဂရမ် တစ်ခုခုဟာ ကြာမြင့်နေတဲ့ အချိန်မှာ hangမသွားခင်မှာ windows ရဲ့ ‘Error report’ box တက်လာတတ်ပါတယ်။ အဲဒါကိုဖျောက်ထားပစ်ပါ။

Control Panel > System ပြီးရင် Advanced ကို click နှိပ်ပါ။Aဲဒီထဲကမှ ‘Error Reporting’ Disable ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၂၂) ‘Open-with’ ဆိုတာ

ဗီဒီယိုဖိုင်တွေ အတွက်ဆိုရင် ‘Open-with’ ဟာ အ လွန်အ သုံးဝင်ပါတယ်။ window media player ကိုလက်မခံတဲ့ file extension တွေကို open-with နဲ့ ဖွင့်လှစ်ရပါမယ်။ (အ ရင်ဆုံး player တချို့ ကိုတော့ installလုပ်ဖို့ လိုပါလိမ့်မယ်။)ဖွင့်ချင်တဲ့ ဖိုင်တစ်ခုကို ‘Right Click’ ထောက်ပြီး ‘open with’ ကို ရွေးချယ်ပါ။‘Browser’ လုပ်လိုက်ရင် ပရိုဂရမ်တွေ အစီအရီ ပေါ်ထွက်လာပါလိမ့်မယ်။စိတ်ကြိုက်တစ်ခုကို ရွေးချယ်ပြီးဖွင့်လှစ် နိုင်ပါတယ်။ ဘယ်လိုမျှ ဖွင့်ကြည့်လို့ မရဘူးထင်တဲ့ Note pad ပုံစံ ပရိုဂရမ်တွေကို word pad နဲ့ဖွင့်လို့ ရပါတယ်။
(၂၃) Open-with ဟာ ပိုပြီးမြန်ဆန်ပါတယ်။

Photoshop မှာ (.psd) ဆိုတဲ့ ပရိုဂရမ်ပိုင် extension တွေက လွှဲလို့ တခြားပုံရိပ်တွေကို ဖွင့်ကြည့်ချင်ရင်‘open-with’ က ပိုပြီးမြန်ဆန်ပါတယ်။Open-with ကနေ ‘Image Viewer’ ကို ရွေးချယ်ပေးပါ။
မှတ်ချက်ဒီပုံကတော့ကျွှန်တော်လည်းသိပ်နားမလည်တော့ကျွှန်တော်ထင်တာကိုတင်ပေးလိုက်တာပါ!။
အဲ့ဒါဖြစ်ဖို့လည်းများမယ်လို့တော့ထင်မိပါတယ်(ဖိုးသား)
(၂၄) Filmstrip နဲ့ ရုပ်ရှင်ကြည့်နိုင်ပါတယ်။

ကိုယ့်မှာရှိတဲ့ ပုံရိပ်တွေ အားလုံးကို floder ထဲမှာ တစ်စု တစ်စည်းတည်း ထားလိုက်ပါ။ဓါတ်ပုံတွေအားလုံးကိုရုပ်ရှင် တစ်ခုကို ကြည့်နေရသလိုမျိုးစ်ီထားနိုင်ပါတယ်။Floder ကို ဖွင့်လိုက်ပါ။ ပြီးရင် Menu bar ထဲက ‘View’ မှာ Filmstrip ကို ရွေးချယ်လိုက်ပါ။Ctrl Key ကို ကိုင်ထားပြီး လိုအပ်သလိုအကွက်ရွှေ့ လို့ ရပါတယ်။
(၂၅) IE ရဲ့ homepage ကို Blank လုပ်ထားပါ။

IE ကို ဖွင့်ရာမှာ တစ်ခါတလေ စိတ်ပျက်ဖို့ ကောင်းပါတယ်။ မိုက်ကရိုဆော့ဖ် ရဲ့ default home page“msn.com” ဟာ ငြီးငွေ့စရာ ကောင်းလောက်အောင်ကို ကြာမြင့်လွန်း တတ်ပါတယ်။ တကယ်လို့ IE ကိုဖွင့်လိုက်တိုင်းမှာ အဖြူထည်စာမျက်နှာ ဖြစ်နေတာဟာ ပိုပြီးမြန်ဆန်စေပါတယ်။

IE ကို ဖွင့်ပါ။Tools ကို ကလစ်နှိပ်ပါ။ General အောက်မှာ ရှိတဲ့ address box မှာ user blank ကို ကလစ်နှိပ်ပါ။Apply ကိုကလစ်နှိပ်ပါ။ OK ကို ကလစ်နှိပ်ပါ။
(၂၆) Domain တွေကို key နဲ့သုံးပါ။

www. google.com ကို သွားဖို့အတွက် အရှည်ကြီးရိုက်နေဖို့ မလိုပါဘူး။google ကို ရိုက်ပါ။ ပြီးရင် Ctrl key ကိုင်ထားပြီး Enter ခေါက်ပါ။ ဒီလို short-cuts တွေကို လေ့လာရင်းသုံးစွဲရင်ပိုမြန်ဆန်စေပါတယ်။
(၂၇) ‘Animated dog’ ဟာ လေးလံပါတယ်။ပယ်ဖျက်ထားပါ။

Search box ဟာအလွန်နှေးပါတယ်။ စက်ကို crash ဖြစ်သွား စေမတတ် ပါဘဲ။ အဲဒီ ခွေးကလေးကိုပယ်ဖျက်ထားပါ။-Search window ကို ဖွင့်ပါ။Change preferences ကို click လုပ်ပါ။ ‘Without an animated screen character’ ကို ကလစ်နှိပ်ပါ။Animated object မရှိတော့တဲ့Aတွက် Search box ဟာ ပိုပြီး မြန်ဆန် လာပါလိမ့်မယ်။
(၂၈) Network အတွင်းလေ့လာကြည့်ခြင်း

ကိုယ့် network ဧရိယာ များမှာ ဘယ်သူတွေ ရှိနေသလဲ ဆိုတာကြည့်ချင်ရင် My Network places ကနေကြည့်လို့ ရပါတယ်။ ပီစီတစ်လုံးကနေ နောက်တစ်လုံး ဆီကို access လုပ်ဖို့ ကို တော့ admin ခွင့်ပြုချက်ဒါမှမဟုတ် password ရယူရပါမယ်။ My Network places မှာ ‘view word group computer’ ကိုရွေးလိုက်။အဆက်အသွယ်တွေ အကုန်လုံးကိုတွေ့ရပါမယ်။
(၂၉) MP3 သီချင်းတွေကိုကလစ်တစ်ချက်တည်းနဲ့ ဖွင့်နိုင်ပါတယ်။
Control panel > Taskbar and Start Menu ကို ရွေးချယ်ပါ။Start Menu ကို ကလစ်နှိပ်ပါ။Customize ကို ကလစ်နှိပ်ပါ။Advanced tab ကို ကလစ်နှိပ်ပါ။My Music ကို ရွေးချယ်ပါ။

----------------အပေါ်ကနည်းမလုပ်တက်ရင်အောက်ကပြပေးသောနည်းကိုလုပ်ပေးပါသူငယ်ချင်းများ

----------------My com/r-click/Tools/Folder options/Single-click to open an item(point to select)
(၃၀) Print Screen သို့မဟုတ် Captureဖမ်းယူခြင်း

ကွန်ပျူတာပေါ်က မြင်းကွင်းတစ်ခုခုကို ကူးယူပြီးကိုယ့်အတွက် ပြန်လည်၍အသုံးချနိုင်ပါတယ်။လိုချင်တဲ့ image ဒါမှမဟုတ် webpage ကိုဖွင့်ပါ။
Keyboard က ‘print screen preview’ ကို ကလစ်နှိပ်ပါ။ (ဖွင့်ထားတဲ့ ပုံရိပ် အနည်းငယ်သာ လိုချင်ရင် Altနဲ့ တွဲနှိပ်ပါ။)ပြီးရင် Start > Run box မှာ ‘mspaint’ဆိုပြီး စာရိုက်ပါ။ (ရိုးရိုး paint program ကို ခေါ်သုံးရင်လည်းရပါတယ်။)paint ပေါ်လာပြီဆိုတာနဲ့ ‘Ctrl+V’ ဒါမှမဟုတ် ‘File menu’ အောက်က ‘paste’ ကို ကလစ်နှိပ်ပါ။ (ဤ paintနေရာမှာ အခြား Clipboard ရှိတဲ့ ဓါတ်ပုံ တည်းဖြတ် ဆော့ဖ်ဝဲ တွေ photoshop corel draw စတာတွေ သုံးစွဲနိုင်ပါတယ်။)
(၃၁) Screen Saver ကို Slide Show လုပ်နိုင်ပါတယ်။

Control Panel>display>Display properies box ကျလာရင် ’screen saver tab’ ကို ရွေးချယ်ပါ။နောက်ဆိုရင် Screen Saver ဟာ ရုပ်ရှင်တွေပြသလိုမျိုးပုံရိပ်တွေ တစ်မျိုးပြီးတစ်မျိုး မရိုးနိုင်အောင်ပေါ်လာပါလိမ့်မယ်။
(My Picture folder ထဲမှာ ကိုယ်လိုချင်တဲ့ Image တွေကို အရင်ဆုံးထည့်ထားရပါမယ်။ Slide Show မှာပုံရိပ်တစ်ခုနဲ့ တစ်ခုအကြား ကြာမြင့်ချိန်ကို စိတ်ကြိုက်ရွေးချယ်ပြောင်းလဲနိုင်ပါတယ်။)
(၃၂) Pop-up တွေကို လက်မခံပါနဲ့။

Firefox browser မှာ pop-up blocker ဆိုပြီး လုံခြုံရေး tool ပါဝင်တဲ့ အပြင် add-ons တွေနဲ့ အထူး ပိတ်ပင်တားဆီးလို့ ရနိုင်ပါတယ်။ IE ရဲ့နောက်ဆုံးထွက် version7.0 ကို install လုပ်လိုက်မယ် ဆိုရင်တော့ pop-upပြဿနာဟာ ၇၀% လျှော့ကျ သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် browser မှန်သမျှရဲ့ နောက်ဆုံးထုတ် versionကိုရအောင်ယူထားပါ။
(၃၃) Toolbar ပြုပြင်ခြင်း

firefox မှာ Menubar ပေါ်မှာ Right click နှိပ်ပါ။အဲဒီထဲက ပေါ်လာတဲ့ customize bar ထဲကို ကိုယ်လိုချင်တဲ့ ‘icon’ တွေကို ပေါင်းထည့်ပေးပါ။
(၃၄) Private data ကို လုံခြုံအောင်ထားပါ။

IE ကိုဖွင့်ပါ။ Tools Menu မှာရှိတဲ့ internet options ကနေ Clear History ကို ကလစ်နှိပ်ပါ။ ‘Cache’ကိုရှင်းပါ။ ပိုပြီး အန္တရာယ် ကင်းစေချင်ရင် ‘Cookies’ တွေကို ရှင်းပါ။
(၃၅) Entry တွေကို ရှင်းလင်းပါ။

Start > RunRegedit လို့ရိုက်ပြီး Enter ခေါက်ပါ။HKEY_LOCAL_MACHINE ကို ကလစ်နှိပ်ပါ။Software ကို ကလစ်နှိပ်ပါ။Microsoft ကို ကလစ်နှိပ်ပါ။Windows ကို ကလစ်နှိပ်ပါ။Current Version ကို ကလစ်နှိပ်ပါ။Uninstall ဆိုပြီးပေါ်လာပါမယ်။အဲဒီထဲမှာ ကိုယ် uninstall လုပ်စဉ်တုန်းက အကြောင်း အမျိုးမျိုး ကြောင့်မပျက်ခဲ့တဲ့ ဆော့ဖ်ဝဲ အကြွင်းအကျန်နဲ့ အစအန တွေကို ရှင်းလင်း ထုတ်ပါ။Restart ပြန်လုပ်ပါ။
(၃၆) Mouse ကို ချောမွေ့စွာကိုင်တွယ်နိုင်ပါတယ်။

များသောအားဖြင့် Mouse default setting ဟာပြုပြင်စရာမလိုအောင် ကောင်းပါတယ်။ တကယ်လို့စိတ်ကြိုက် ပြင်ဆင် ချင်သေးတယ် ဆိုရင်–Control Panel > SystemHardware ကို ရွေးချယ်ပါ။ Device Manager ကို ကလစ်နှိပ်ပါ။‘Mice and other pointing serices ဆိုတာ ရှိပါတယ်။ အဲဒီမှာ mouse ကို right click နှိပ်ပြီး propertiesကို စိတ်ကြိုက်ပြောင်းလဲနိုင်ပါတယ်။
(၃၇) Restore point ကိုဖျက်ပစ်ပါ။

ကွန်ပျူတာရဲ့ စနစ်တစ်ခုခု အမှားအယွင်းဖြစ်နေခဲ့ရင် အရင်အတိုင်းအခြေအနေကောင်းလေးကို ပြန်လည်ရရှိစေနိုင်ဖို့ System Restore ဆိုတာ ထားရှိပါတယ်။ Memory ကိုရော၊ Hard disk နေရာလွတ်များများကိုရော လိုချင်တယ် ဆိုရင်အရင် restore point အဟောင်းတွေကို ဖျက်ပစ်ရပါမယ်။

Start > All Programs > Accessories > System tools > Disk Clean up > More Options အထိဆက်တိုက် သွားပါ။အဲဒီ More Options မှာရှိတဲ့ restore point အဟောင်းတွေကို delete လုပ်ပစ်ပေးပါ။
(၃၈) တစ်ပတ်တစ်ခါ defragment လုပ်ပါ။

Start > All Programs > Accessories > System tools >Disk Defragmenter ကို ရွေးချယ်ပါ။Analyzing လုပ်တာနဲ့ Defragment လုပ်တာ နှစ်မျိုး ရှိပါတယ်။ နာရီဝက်၊ တစ်နာရီလောက် အချိန်ပေးရပါမယ်။ ဒီ tool ဟာ window နဲ့ ‘built-in’ tool ဖြစ်ပြီး System မှာရှိတဲ့ မလိုအပ်တဲ့ ဖိုင်တွေနဲ့ အမှိုက်အစအနတွေကို အထိုက်အလျှောက် ဖယ်ရှား ပေးတဲ့အတွက်သုံးစွဲသင့်ပါတယ်။
(၃၉) ‘Virtual memory’ တည်ဆောက်ခြင်းဟာလည်း စနစ်ကို မြန်ဆန်စေပါတယ်။

ပီစီရဲ့ လိုအပ်တဲ့ ပရိုဂရမ်တွေကို မြန်မြန်ဆန်ဆန် သုံးစွဲနိုင်စေဖို့ ‘Virtual memory’ တည်ဆောက် နိုင်ပါတယ်။My Computer ကို Right Click နှိပ်ပြီး properties ကို ရွေးချယ်ပါ။ကျလာတဲ့ box ထဲမှာ Advanced ကို ထပ်မံ ရွေပေးပါ။ ‘Performance’ မှာရှိတဲ့ ‘Settings’ ကိုရွေးချယ်ပါ။Change icon ကို ကလစ်နှိပ်ပါ။ပြီးရင် “customize” box ကို ‘on’ ပြီးတဲ့ အခါမှာ C.D.E ရှိတဲ့ drive တစ်ခုချင်း စီကို လိုသလောက် virtualmemory ထပ်မံ တိုးဖြည့်ပေးထားလို့ ရပါတယ်။ ပြီးရင် set command ကို ကလစ်နှိပ်ပြီး OK နဲ့ ထွက်ပါ။
(၄၀) မြန်မြန်ဆန်ဆန် Lock လုပ်နည်း

‘Ctrl + Alt + Del’ ကို တွဲဖက်နှိပ်ရင် ‘Task Manger’ ပေါ်လာပါလိမ့်မယ်။ အဲဒီအထဲကမှ “Log-Off” ကိုရွေးချယ်ပြီး အမြန် Lock လုပ်နိုင်ပါတယ်။
အဲဒီထက် ကောင်းတဲ့ နည်းကတော့/keyboard က windows Logo Key လေးကို ဖိထားပါ။ ‘L’ ကို နှိပ်ပါ။Shutdown icon ကို တွေ့ရမှာ ဖြစ်သလို လိုအပ်သလို ပြန်လည်ဝင်ရောက်နိုင်တဲ့ Log-on buttomကလေးလည်းပါဝင်ပါတယ်။
ဒီပို့စ်ကို PDF FILE လိုချင်ရင်